ဘ၀က ဒီရေလှိုင်းတွေလို နိမ့်လိုက်မြင့်လိုက်နဲ့ စုန်ဆန်မျှောနေတဲ့ကြားမှာ မည်သို့ဆိုစေ ရင်ခွင်များစွာဟာ ပူလောင်တတ်ကြပါသည်။ ငိုခြင်းနဲ့မွေးဖွားလာပြီး ငိုခြင်းတွေနဲ့ပဲ ဘ၀ကို ရှင်သန်နေကြရပါသည်။ တစ်ကယ်တော့ ဘ၀ဆိုတာ ရယ်မောခြင်း နည်းပါးသော ဝေါဟာရတစ်ခုဆိုရင် သင့်အနေနဲ့ မှားသည်ဟု ယူဆမည်လော။ မျှတစွာသုံးသပ်ခဲ့ပါသည်။ သို့သော် ပျော်စရာတွေ မရှိလို့ ကျွန်ုပ်အနေနဲ့ တစ်ဖက်သတ်ပြောသည်လည်း မဟုတ်၊ ဖြစ်တတ်သော သဘောထားများကိုသာ ဆိုလိုသည်။
ပင်လယ်ပြင်နွေဒဏ်ရဲ့ ရေငွေ့က ရင်ကိုပူလောင်စေခဲ့တယ်ဆိုရင် ယုံနိုင်လောက်မည် မထင်ခဲ့၊ တစ်ကယ်တော့ မုသားမသုံးပဲ ပြောခဲ့သော စကားတွေသာ...၊ ကောင်းကင်မှာ နေမင်းကြီး ရှိနေပေမဲ့ ပူလောင်မှုကို မခံစားရသော တိမ်တွေလို တစ်ခါတစ်လေ ဖြစ်ချင်မိခဲ့ပါသည်။

ŽãųʼnĢ

0 Comments Received
Post a Comment