နိဒါန်း
“အမေရေ သမီး ထမင်း၊ ဟင်းချက်ပြီးခဲ့ပြီ ဈေးရောင်းထွက်လိုက်အုံးမယ်နော်”
အိပ်ယာထဲက အမေ့ရဲ့ သတိပေးပြန်ပြောသံလေးပါ။
“အေး..အေး.. သမီး ဈေးရောင်းမထွက်ခင် ဘုရားရှိခိုးသွားအုံးနော်... အဟွတ်..ဟွတ်..”
“ဟုတ်ကဲ့အမေ”
အမေက အသက် ၅၀ကျော်နေပြီ အနေအထိုင် ချို့တက်လွန်းတော့ အနေဆင်းရဲ အစားဆင်းရတာကြောင့် အမေ့မှာ နာတာရှည်ရောဂါဖြစ်တဲ့ ပန်းနာရင်ကြပ်က ဆေးကောင်းကောင်းမကုနိုင်တော့ အမြစ်တွယ်နေခဲ့ပါတယ်၊
ကျွန်မရဲ့ ဘ၀က အမေတစ်ခု သမီးတစ်ခု အဖြစ်မျိုးနဲ့ နေလာခဲ့တာကြာလာခဲ့ပါပြီရှင်၊ ကျွန်မငယ်ငယ်တုန်းကတော့ အမေက ရပ်ကွက်ထဲမှာ အ၀တ်လျှော်၊ ရာသီပေါ် ဟင်းသီးဟင်းရွက်လေးတွေကို ခေါင်းပေါ်ရွက်ပြီး ဈေးရောင်းကျွေးခဲ့ပါတယ်၊ အခုတော့ အမေလည်း ပင်းပန်နေပြီလေ၊ ကျွန်မက အရွယ်လည်းရောက်လာပြီဆိုတော့ မိခင်ကို လုပ်ကျွေးရတော့မှာပေါ့၊ ပြီးတော့ အမေ့ရောဂါကို ကုဖို့လည်း ငွေရှာရအုံးမယ်၊ မပြည့်မစုံတဲ့ ဘ၀မို့ သူများတွေလို ကျော့ကျော့မော့မော့လေးနဲ့ လခစားအလုပ်ကိုလည်း ၀င်လုပ်ဖို့ ကျွန်မမှာ ပညာအရည်အချင်းက ၅-တန်းနဲ့ဆိုတော့ မမှန်းရဲခဲ့ပါဘူး၊ မပြေလည်တဲ့ မိသားစုမှာ စားဝတ်နေရင်း နဲ့ ပညာရေးဆိုရင် စားဝတ်နေရေးက ပိုလို့ အဓိက ကြနေတာကြောင့် ကျွန်မနဲ့ တန်ရာဖြစ်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ ရာသီပေါ် အသီးအနှံလေးတွေကို ရောင်းပြီး သားအမိနှစ်ယောက် ဖြစ်သလိုနေကြဖို့ပဲ ရှိပါတော့တယ်၊
အခန်း(၁)
ရပ်ကွက်ထဲ ဈေးဗန်းကို ခေါင်းပေါ်ရွက်ပြီး အကြည် မှာ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် မရှက်မကြောက် အော်ဟစ်ကာ လမ်းကြိုလမ်းကြားတွေကိုဝင်ရင်း လှည့်လည်၍ ဈေးရောင်းနေသည်။
“ဟင်းသီးဟင်းရွက်လေးများ ၀ယ်ကြအုံးမလားရှင်”
“ဟော့ဒီမှာ အသီးအရွက်လေးတွေ လတ်တယ်နော်”
“ခုနလေးကမှ ခူးလာတဲ့ အသီးအရွက်လေးတွေပါ ယူကြအုံးမလား”
ထိုစဉ်.......
“ဟေ့..ကောင်မလေး ညည်းမှာ ဘာအသီးအရွက်တွေ ပါလဲ ဒီမှာလာပါအုံး”
ဈေးဝယ်သူက လှမ်းခေါ်သောကြောင့် အကြည် မှာ အားရ၀မ်းသာစွာ ခြေလှမ်းခပ်မြန်မြန်လေးဖြင့် ဈေးဝယ်သူ၏ အိမ်ခြံထဲဝင်ရောက်ကာ မိမိ၌ ပါလာသော အသီးအရွက်များကို ပြလေသည်။
“ဟဲ.. ညည်းရဲ့ မုန်ညင်းက လတ်ရဲ့လားအေ့၊ နည်းနည်း ညှိုးနေသလိုပဲနော်”
“မညှိုးပါဘူး အစ်မရယ်၊ ခေါင်းပေါ်ရွက်လာတာဆိုတော့လေ နေပူဒဏ်ကြောင့်မို့ပါ အစ်မရဲ့၊ ဒီမနက်ကမှ ခူးလာတာပါ”
“အင်းပါ.. ဒါဆိုလည်း မုန်ညင်း တစ်စီး နဲ့ ငရုတ်သီးစိမ်း ၃၀-ဖိုးပေး”
“ဟုတ်ကဲ့ အစ်မ”
အကြည် မှာ ပညာတာမတတ်ပေမဲ့ ဈေးရောင်းဈေးဝယ် ပညာကတော့ ပါးနပ်သည်၊ ဈေးဝယ်သူကို နည်းအမျိုးမျိုးဖြင့် ရောင်းတတ်တယ်၊ သို့ပေမဲ့ နည်းနည်းအမျိုးမျိုးသုံးပြီး ဈေးရောင်းရာမှာ သူတစ်ပါးအား နစ်နာအောင် မပြုလုပ်ခဲ့ဖူးချေ။
ဤသို့ဖြင့် ကုန်စိမ်းများကို အော်ကာရောင်းရင်း ၀ယ်သူရှိက အပြေးအလွှားရောင်း၏၊ ၀ယ်သူမရှိက လမ်းကြိုလမ်းကြားသို့ ၀င်ရောက်ကာ ဈေးရောင်းနေရသည်မှာ ညနေသို့ ရောက်၍ အိမ်အပြန်လမ်းတွင် သူမ၏ အမေအတွက် လမ်းဘေးဆေးဆိုင်မှာ အဆုတ်ပုံ ဆေးထုပ်ကို ၀င်ဝယ်ပြီး အပြန် လမ်းကြားတစ်နေရာတွင် ရပ်ကွက်ထဲ၌ အချိန်ပြည့်မူးရစ်ရမ်းကားနေသော ငနက် နဲ့ငတိုး တို့နှစ်ယောက်မှာ အကြည်ကို တွေ့လိုက်သောအခါ-
“ဟေ့ကောင် ငနက် ဟိုရှေ့မှာ ကြည့်လိုက်စမ်း ဘူလေးလည်းလို့”
ငတိုးမှာ အရက်မူးလွန်းနေသောကြောင့် စကားလုံးတွေတောင် မှားလို့နေ၏
“အဲ့ဒါ ဈေးသည်မလေး အကြည်မလား ငတိုးရ”
“အေးဟုတ်တယ်ဟ ကောင်မလေးကိုကြည့်လိုက်ပါအုံး လုံးကြီးပေါက်လှလေး ငါတို့ ဖန်ကြည့်ရအောင်ကွာ”
“ဟာ... ငတိုးကလည်း လုပ်ကွာ ကြာသလားလို့”
အမူးသမားနှစ်ယောက်မှာ အကြံလည်းတူ ဉာဏ်လည်းတူညီကြ၏၊ သူတော်ချင်းသတင်းလွေ့လွေ့ဆိုသလို မသူတော်ချင်းလည်း အလွန်ပေါင်းဖက်ကြလေသည်။ ငတိုးမှာ အရင်ဆုံး အကြည်အား စကားစလိုက်လေသည်။
“အကြည် ဘယ်က ပြန်လာတာလည်း”
“ကျွန်မ ဘာသာဘယ်က ပြန်လာပြန်လာ ရှင်တို့နဲ့မဆိုင်ဘူး လာမနှောက်ယှက်ပါနဲ့ လမ်းဖယ်ပါ”
ငနက်မှာ “အကြည်ကလည်းကွာ အစ်ကိုတို့က ချစ်လို့ပါ”
“ဘာ.. ဘာပြောတယ် အမူးသမားတွေက ရာရာစစ ရှင်တို့ကိုယ်လမ်းကိုယ် ပြန်ကြရင်ကောင်းမယ် မပြန်ရင် ဒီမှာကြည့် အသေထိုးသတ်လိုက်မယ် အကြည်တဲ့ ဘာမှတ်နေလဲ”
ဈေးဗန်းထဲမှ မိမိအတွက် ကျရောက်လာမည် အန္တရာယ်အား ကာကွယ်ရန်အတွက် သက်စောင့်ဓားမြှောင်အားထုတ်၍ ခြိမ်းခြောက်လိုက်လေသည်။ ထိုစဉ် “ဇ”မရှိပဲ “ဇိ”လုပ်ချင်သော အမူးသမား နှစ်ယောက်မှာ ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးလေတော့သည်။
“ဪ... ငါ့မှာလည်း အမေတစ်ခု သမီးတစ်ခုမို့ အားကိုးဖို့ ဆွေမရှိမျိုးမရှိဆိုတော့ လူတွေရဲ့ အနိုင်ကျင့်မူကလည်း မသေးပါလားနော်...”
စိမ်ထဲ၌ ရေရွတ်ရင်း အိမ်သို့ပြန်လာခဲ့လေသည်။
အခန်း(၂)
“အမေရေ သမီးပြန်လာပြီ”ဟု အော်ပြော၍ အိမ်ခြံထဲသို့ ၀င်လာလေသည်
မိခင်မှာ သမီးဖြစ်သူ အကြည် ပြန်အလာကို အိမ်ရှေ့ ကွပ်ပျစ်တွင် စောင့်မျှော်နေရင်း
“သမီးလေး ဒီနေ့ဈေးရောင်းကောင်းရဲ့လား”
“ကောင်းပါတယ် အမေရယ်”
“ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်တုန်း သမီးရယ် မထိတ်တာ မလန့်တာ ပြောပါအုံး သမီးရဲ့”
”အမေ့အတွက် ဆေးဝယ်ပြီး အပြန် လမ်းကြားမှာအမေရယ် အမူးသမား နှစ်ယောက် ငနက်နဲ့ငတိုးပေါ့ ရစ်သီသီလာလုပ်လို့ ဓားထုတ်ပြီး ခြိမ်းခြောက်လိုက်ရသေးတယ်”
“ဟယ်... ဟုတ်လား သမီးရော ဘာဖြစ်သွားသေးလည်း”
“ဘာမှမဖြစ်ပါဘူး အမေ”
“သူတို့ကို ဓါးထုတ်ပြီး ခြိမ်းချောက်ရုံလေး ခြိမ်းခြောက်လိုက်တာ နဲ့ ထွက်ပြေးသွားတယ် အမေရ”
“ဟင်း.... ဘယ်လိုပဲဖြစ်ဖြစ် အမေ့သမီးကို စိတ်မချဘူး”
“ဒါပေမဲ့.. သမီးရယ် အမေတစ်ခု သမီးတစ်ခု ဘ၀မျိုးမှာ အရာရာကို ရင်ဆိုင်ဖို့ လောကကြီးထဲရောက်လာခဲ့ကြတယ်မလား”
“ဒါကြောင့် သမီးလေး အားမငယ်နဲ့နော် အမေတစ်ယောက်လုံးရှိသေးတယ်၊ အမေနေကောင်းရင် သမီးကို ဈေးမရောင်းခိုင်းတော့ဘူး အမေပဲလုပ်ကျွေးတော့မယ်”
“အို.. မဟုတ်တာအမေရယ်၊ အမေ့အရွယ်က နားနားနေနေ နေရမဲ့အရွယ်ပါ၊သမီးပဲလုပ်ကျွေးပါ့မယ်၊”
“သမီးဘာမှမဖြစ်စေရဘူး၊ စိတ်ချပါအမေရယ်၊ သမီးကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်”
“သမီးကိုယုံကြည်ပါတယ် သမီးရယ်၊ အမေမယုံကြည်တာက ကံတရားကိုပါ”
သားအမိနှစ်ယောက်လုံး မျက်လုံးမှ မျက်ရည်ဝဲလည်နေလေသည်။ ထိုမျက်ရည်များက ကံကြမ္မာရယ် အလှည့်အပြောင်းကို မတရားခံခဲ့ရသောကြောင့် ဖြစ်သည်။ စင်စစ်မှာ အကြည် ရဲ့ အမေသည် ချမ်းသာကြွယ်ဝသော အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ သူမရဲ့ အမေမှာ မိဘများက သဘောမတူသော ယောက်ျားကို ယူသောကြောင့် အိမ်မှ နှင်ချလိုက်ခြင်းကြောင့် အနေဆင်းရဲခဲ့လေသည်၊ ပို၍ကံဆိုးသည်မှာ အကြည်အခါလည်သား အရွယ်မှာပင် အကြည်ရဲ့ ဖခင်မှာ ကွယ်လွန်သွားခြင်းကြောင့် ဆင်းရဲတွင်းနက်ခဲ့လေသည်။
စကားများကို ပြောရင် အတိတ်ရဲ့ဖြစ်ရပ်များကို မြင်ယောင်ကာ မျက်ရည်များ ကျနေသည့် မိခင်အား အကြည်မှာ နှစ်သိမ့်ပေးနေလေတော့သည်။
“အမေ စားချင်တာ ဘာလိုချင်လည်း ပြောနော် သမီးဝယ်လာပေးမယ်”
“အမေနေကောင်းမှာ ဖြစ်မှာနော် သိလား”
“လိမ္မာလိုက်တာ သမီးရယ်၊ အမေဘာမှမလိုသလို ဘာမှလည်း မစားချင်ပါဘူး”
“အမေ့က သမီးကို သနားလို့ပါ”
“အမေရယ်....”
“သမီးရဲ့ အတွေးက မှားနေတယ်၊ လောကကြီးက မတရားတာမဟုတ်ပါဘူး၊ အမှန်က လူတွေက မတရားတာပါ”
“နိမ့်ကျသူက လူတွေမတရားတာကို ထုတ်ဖော်မပြောရဲတော့၊ အငြိမ်နေတဲ့ လောကကြီးကိုပဲ စွတ်စွဲလိုက်ကြတာပေါ့သမီးရယ်”
“တကယ်တော့ လောကကြီးနဲ့မဆိုင်ပါဘူးသမီး လူအချင်းချင်း လူပေါ်လူဇော် လုပ်နေကြတော့ လူတွေက မတရားတာတွေပါ သမီးလေးရဲ့ ဘ၀က ရှေ့စက်ဖို့အများကြီးရှိသေးတယ်၊”
“လူတွေကို သတိထားပြီး ရိုးသားခြင်းနဲ့ အနိုင်ယူပါသမီး၊ ရိုးသားခြင်းက မီးတောက်လို တဟုန်းထိုးမတက်လာဘူး၊ လိပ်လို ဖြေးဖြေးလေးပဲ အကျိုးပေးလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လောဘမကြီးရဘူး ရိုးသားခြင်းနဲ့ အသက်ရှင်နော်သမီး”
“ဟုတ်ကဲ့ပါ အမေ၊ သမီး အမေ့ရဲ့ စကားတွေကို နှလုံးအိမ်ထဲအထိ မှတ်သားထားပါ့မယ်”
“အမေ မောနေမယ် စကားသိပ်မပြောနဲ့နော်၊ သမီးရေချိုးလိုက်အုံးမယ်၊ အမေနားနေလိုက်နော်”
“အေးပါ သမီးရယ်၊ ရေချိုးရင် အကြာကြီးမချိုးနဲ့နော် တော်ကြာဖျားလို့ ခက်နေလိမ့်မယ်”
“ဟုတ်”
“အာဘွား”
“သမီးကတော့လေ...”
သူမ၏ အမေအား တစ်ချက် နမ်းပြီး ရေချိုးဖို့ ပြင်နေပါတော့သည်။
အခန်း(၃)
“အမေ ဗိုက်ဆာနေပြီလား ထမင်းစားရအောင်နော်၊ အမေကြိုက်တတ်တဲ့ ဟင်းသမီးဝယ်လာတယ်”
“အင်း.. စားကြမယ်လေ သမီး၊ အမေလာခဲ့မယ်”
“ဟင်.. ဟင်းတွေက စုံလိုပါလား သမီးရဲ့၊ ပိုက်ဆံကုန်ပါတယ် သမီးရယ် နောက်ဆိုမ၀ယ်လာတော့နဲ့နော် ဖြစ်သလိုစားလည်းရပါတယ်”
“အမေကလည်း သမီးက အမေ့ကို စားစေချင်လို့ပါ၊”
“အင်းပါသမီးရယ်”
ဆိုင်မှဝယ်လာသော ဟင်းနှစ်မျိုးနဲ့ အိမ်တွင်ချက်ထားသော ငါးပိရည်ကျို၊ အတိုအမြုပ်၊ ငါးခြောက်ဖုတ်၊ နဲ့ ဆိုင်က၀ယ်လာသော ကြက်မြစ်ကြက်သည်း နှင့် ပုစွန်ဟင်းသာဖြစ်သည်။ သားအမိနှစ်ယောက်သား စားနေကြပုံများ ပျော်စရာကောင်းပေသည်။
“အမေ ဟော့ဒါက အမေအရမ်းကြိုက်တဲ့ ပုစ္စန်ချက်၊ ဒါက ကြက်သည်း၊ ကြက်မြစ်တော့ မစားနဲ့နော် အမေ့ “သွား” နားမှာဆိုးလို့”
“အေးပါသမီးရယ် သမီးလည်း ထည့်စားလေ အမေ့ကို ကလေးကြနေတာပဲ ပန်းကန်ထဲမှာလည်း ဟင်းတွေနဲ့တင်ပြည့်နေပြီ”
“ဟီး ဟီး မေမေကလေး ကလေးမေမေ”
“ဟွန့် သမီးကတော့ နောက်တယ်”
ထမင်းဝိုင်းက ပိုလို့ ပျော်စရာကောင်းနေပါသည် ထို့ကြောင့် ပျော်စရာထမင်းဝိုင်းလို့ ပြောရမည်မှာမလွဲပါ။
အခန်း(၄)
“အမေ ခဏနေ အိပ်ယာဝင်ရင် ဆေးသောက်ဖို့ မေ့နဲ့နော်”
“ဒီမှာ အမေ့အတွက် ဆေးထားခဲ့မယ်”
“သမီး ဘုရားရှိခိုးလိုက်အုံးမယ်နော်အမေ”
“အင်း အင်း.. လိမ္မာလိုက်တဲ့ အမေ့သမီးလေး ဘုန်းကြီးလို့ အသက်ရှည်ပါစေတော်....”

----- --- - -- - - -------
“အမေ သမီးလေ တစ်ခါတစ်လေ ဘ၀ကြီးကို တွေးမိတိုင်း လောကကြီးက မတရားဘူးလို့ မြင်မိတယ်”“သမီးရဲ့ အတွေးက မှားနေတယ်၊ လောကကြီးက မတရားတာမဟုတ်ပါဘူး၊ အမှန်က လူတွေက မတရားတာပါ”
“နိမ့်ကျသူက လူတွေမတရားတာကို ထုတ်ဖော်မပြောရဲတော့၊ အငြိမ်နေတဲ့ လောကကြီးကိုပဲ စွတ်စွဲလိုက်ကြတာပေါ့သမီးရယ်”
“တကယ်တော့ လောကကြီးနဲ့မဆိုင်ပါဘူးသမီး လူအချင်းချင်း လူပေါ်လူဇော် လုပ်နေကြတော့ လူတွေက မတရားတာတွေပါ သမီးလေးရဲ့ ဘ၀က ရှေ့စက်ဖို့အများကြီးရှိသေးတယ်၊”
“လူတွေကို သတိထားပြီး ရိုးသားခြင်းနဲ့ အနိုင်ယူပါသမီး၊ ရိုးသားခြင်းက မီးတောက်လို တဟုန်းထိုးမတက်လာဘူး၊ လိပ်လို ဖြေးဖြေးလေးပဲ အကျိုးပေးလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လောဘမကြီးရဘူး ရိုးသားခြင်းနဲ့ အသက်ရှင်နော်သမီး”
“ဟုတ်ကဲ့ပါ အမေ၊ သမီး အမေ့ရဲ့ စကားတွေကို နှလုံးအိမ်ထဲအထိ မှတ်သားထားပါ့မယ်”
“အမေ မောနေမယ် စကားသိပ်မပြောနဲ့နော်၊ သမီးရေချိုးလိုက်အုံးမယ်၊ အမေနားနေလိုက်နော်”
“အေးပါ သမီးရယ်၊ ရေချိုးရင် အကြာကြီးမချိုးနဲ့နော် တော်ကြာဖျားလို့ ခက်နေလိမ့်မယ်”
“ဟုတ်”
“အာဘွား”
“သမီးကတော့လေ...”
သူမ၏ အမေအား တစ်ချက် နမ်းပြီး ရေချိုးဖို့ ပြင်နေပါတော့သည်။
အခန်း(၃)
“အမေ ဗိုက်ဆာနေပြီလား ထမင်းစားရအောင်နော်၊ အမေကြိုက်တတ်တဲ့ ဟင်းသမီးဝယ်လာတယ်”
“အင်း.. စားကြမယ်လေ သမီး၊ အမေလာခဲ့မယ်”
“ဟင်.. ဟင်းတွေက စုံလိုပါလား သမီးရဲ့၊ ပိုက်ဆံကုန်ပါတယ် သမီးရယ် နောက်ဆိုမ၀ယ်လာတော့နဲ့နော် ဖြစ်သလိုစားလည်းရပါတယ်”
“အမေကလည်း သမီးက အမေ့ကို စားစေချင်လို့ပါ၊”
“အင်းပါသမီးရယ်”
ဆိုင်မှဝယ်လာသော ဟင်းနှစ်မျိုးနဲ့ အိမ်တွင်ချက်ထားသော ငါးပိရည်ကျို၊ အတိုအမြုပ်၊ ငါးခြောက်ဖုတ်၊ နဲ့ ဆိုင်က၀ယ်လာသော ကြက်မြစ်ကြက်သည်း နှင့် ပုစွန်ဟင်းသာဖြစ်သည်။ သားအမိနှစ်ယောက်သား စားနေကြပုံများ ပျော်စရာကောင်းပေသည်။
“အမေ ဟော့ဒါက အမေအရမ်းကြိုက်တဲ့ ပုစ္စန်ချက်၊ ဒါက ကြက်သည်း၊ ကြက်မြစ်တော့ မစားနဲ့နော် အမေ့ “သွား” နားမှာဆိုးလို့”
“အေးပါသမီးရယ် သမီးလည်း ထည့်စားလေ အမေ့ကို ကလေးကြနေတာပဲ ပန်းကန်ထဲမှာလည်း ဟင်းတွေနဲ့တင်ပြည့်နေပြီ”
“ဟီး ဟီး မေမေကလေး ကလေးမေမေ”
“ဟွန့် သမီးကတော့ နောက်တယ်”
ထမင်းဝိုင်းက ပိုလို့ ပျော်စရာကောင်းနေပါသည် ထို့ကြောင့် ပျော်စရာထမင်းဝိုင်းလို့ ပြောရမည်မှာမလွဲပါ။
အခန်း(၄)
“အမေ ခဏနေ အိပ်ယာဝင်ရင် ဆေးသောက်ဖို့ မေ့နဲ့နော်”
“ဒီမှာ အမေ့အတွက် ဆေးထားခဲ့မယ်”
“သမီး ဘုရားရှိခိုးလိုက်အုံးမယ်နော်အမေ”
“အင်း အင်း.. လိမ္မာလိုက်တဲ့ အမေ့သမီးလေး ဘုန်းကြီးလို့ အသက်ရှည်ပါစေတော်....”
---------------------------X------------------------------
အားပေးမှုအတွက် ကျေးဇူးတင်၏
{ဇောင်း}
{ဇောင်း}
မှတ်ချက်
။ ။ ကျွန်တော့်ရဲ့ ဇာတ်ကောင်မှာ အကြည် ဖြစ်သည်။ ထို့ကြောင့် အကြည်နှင့်ဝတ္ထုတိုများ ကို စိတ်ကူးရတဲ့အခါ ရေးပါအုံးမည်။

ဇောင်းရေ...အကြည်တို့ သားအမိအကြောင်းဖတ်ရတာ သူတို့တစ်ဦးနဲ့တစ်ဦးချစ်ကြပုံလေးက ကြည်နူးစရာကောင်းသလို အမေတစ်ခု သမီးတစ်ခုဘ၀နဲ့ ရုန်းကန်နေရတဲ့ သူတို့ ဘ၀လေးကိုလည်း စိတ်မကောင်းဘူး...ဒါပေမယ့် ကြုံလာတဲ့အန္တရာယ်အပေါ် တုန်လှုပ်ကြောက်ရွံ့မနေပဲ ရဲရဲရင့်ရင့် ရင်ဆိုင်တုန့်ပြန်တဲ့ အကြည့်ရဲ့ သတ္တိကိုသဘောကျတယ်
အကြည်ဝတ္ထုလေးတွေဖတ်ချင်ပါသေးတယ်...ရေးပါဦး
လေးစားခင်မင်စွာ
အားပေးမူအတွက် ကျေးဇူးတင်ပါ၏ မဂျင်း၊ ဆက်ရေးပါအုံးမယ် :)
ဇောင်းရေ အားပေးနေတယ်..။ ရင်နင့်စရာအဖြစ်တွေတော့ မလုပ်ပါနဲ့ အကြည်တို့ခမျာသနားပါဒယ်..။ ဒီကအသည်းနုလို့ပါကွယ်..။
တကယ့်ဘ၀သရုပ်ဖော်ပါပဲဗျာ..။ ဒါမျိုးလေးတွေ အရမ်းကြိုက်တယ်။ တကယ့်လူနေမှုဘ၀ကို အသက်ဝင်လွန်းလို့။
ကိုဇောင်းကြီးရေ.....
အကြည်တို့ သားအမိလေးဘဝက သနားစရာကောင်းသလို၊ လေးစားစရာလဲကောင်းတယ်နော်။ သတ္တိရှိတာလေးလဲ သဘောကျတယ်။ အဲလိုဘဝဘဝလေးတွေ အဆင်ပြေစေချင်ပါတယ်။ အကြည်ဝတ္ထုလေးတွေဆက်ရေးလေ။
အအိပ်လေး လျော့ပြီး များများရေးပါလေ။
ဖတ်ဖို့စောင့်နေပါတယ်နော်။
စာလာဖတ်သွားပါတယ်ဗျာ