အခြေအနေ နဲ့ အချိန်အခါက
စိတ်ကို ပြောင်းလဲသွားခဲ့စေသလား

ဟိုအရင်တချိန်က
ချစ်တယ်လို့ပြောတိုင်း ရင်ကို နစ်ကာဝင်သွားစေခဲ့သူ

အခုချိန်များတော့
ချစ်တယ်လို့ ပြောတိုင်း လောင်ပြောင် တတ်ခဲ့သူ

ဟိုအရင်တစ်ချိန်က
အချစ်ဆိုတာ ရင်ခုန်စရာဖြစ်ခဲ့ပေမဲ့

အခုချိန်များတော့
အချစ်က မင်းအတွက် ဟာသဖြစ်နေခဲ့

မာန နဲ့ အတ္တ မရောတတ်ခဲ့ပါဘူး
အခုရင်ဝယ်မှာ စူးနစ်စွာနဲ့ ခံစားနေရသူ

တစ်ချက်လောက်တော့ ငဲ့လှည့်ကြည့်ပေါ့
ဒီရင်မှာ မင်းအတွက် လောင်မြိုက်နေတဲ့လူ

ŽãųʼnĢ