အစဉ်အမြဲ တိုက်ခတ်အဖော်ပြုနေသော လေနုအေးလေးများသည် အခုများတော့ လေပူဖြစ်သွားသလို၊ ကျွန်တော်တည်ဆောက်ခဲ့မိသော တည်ဆောက်ခဲ့သော လေထဲက ပျော်စရာစိတ်ကူးအိမ်လေးလည်း ယိမ်းယိုင်ပြိုပျက်လာခဲ့လေသည်။
တစ်ယောက်ကို တစ်ယောက် မျှော်လင့်ချက်တွေ အပြန်အလှန်ပေးခဲ့ကြပြီးကာမှ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ အခိုက် ကျွန်တော်ကိုယ်တိုင် ဆောက်တည်ရာမဲ့သော ဘ၀ကို ခဏချင်းရောက်ရှိသွားခဲ့ချိန်၌ သိန်းငါးရာထီပေါက်သလိုလည်း မပျော်နိုင်ပါ၊
အကြောင်းမှာ ချစ်မူရေးရာ၌ ကလိမ်စေ့ငြမ်းဆင်သလို ဖြစ်သွားခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အခြေရယ်မတူ ချစ်ခွင့်မရှိလို့ သတ်မှတ်ထားလို့လား...
ကြိုးရှည်ရှည်နဲ့ လွတ်ထားသည့်အလား မျှော်လင့်ချက်ရောင်နီမှာလည်း တစ်ခါတစ်ရံ၌ ပြိုးပြိုးပျက်ပျက်နှင့် တစ်ခါတစ်ရံ၌ မျှော်လင့်ချက်ရောင်နီမှာ လုံးဝပျောက်ကွယ်သွားလေတော့သည်။ ချစ်တတ်သူတို့ နှလုံးသားမှာ ကလိမ်စေ့ငြမ်းဆင်မူမျိုး မရှိခဲ့။ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးကို မသုံးပဲ ကြာလာတာနှင့်အမျှ ရိုးအိသွားကာ စိတ်ကုန်စိတ်ပျက် ပြောင်းလဲသွားစေခဲ့သော သူမ။
စိတ်တိုရင် စိတ်ညစ်ရင် လူတွေကို မုန်းတီးသွားတတ်စေတဲ့လား၊ အစွန့်ပစ်ခံ ကျွန်တော်မျိုး တစ်ချိန်တစ်ခါက တစ်ချို့တစ်လေသော အရာကို အနိုင်ယူခဲ့မိခဲ့လို့လား တွေးမရ၊ အခုများတော့ ဆယ်ဆဆယ်လီ ပြန်ခံရသည်။ ကိုယ်ချင်းစာအောင် ဆုံးမလေသလား။
လေထဲထုက နံရံမှာ ဆေးရောင်ချယ်စုတ်တံတွေကို အတူကိုင်လို့ စိတ်ကူးအိမ်ကလေးကို ဆေးချယ်ခဲ့ချိန်က ပျော်ရွှင်စရာတွေ၊ ကြည်နှူးစရာတွေ အခုတော့ သဲထဲရေသွန်ခဲ့လေသလား တွေးမရလေအောင်။ စိတ်သောက ဝေလို့။ ချစ်ခြင်းတရားမှာ မိနှင့်ဖ က ဆုံးမသဖွယ် ရှိအပ်ပေမဲ့။ တစ်ကယ်တမ်းပေါင်းစပ်ရမှာ သင်နှင့်ကျွနိုပ်သာ....
အရောင်တွေမတူ အနာဂတ်တွေမတူသော အိမ်တစ်လုံးကို တည်ဆောက်ခဲ့ပြီးကာမှ ချစ်သူတို့ သဘောဝအရ မိဘမောင်ဘွား အပေါင်းအသင်းမိတ်ဆွေများ ၀င်နှောက်ယှက်လို့ရယ်။ ကိုယ့်ဘ၀ကိုယ် မရေး။ ဘယ်သူတွေ ၀င်ရေးနေသလဲ နဖူးပေါ်လက်တင် စဉ်းစားမိနေခဲ့ပေါ့။

“ခဏတာပါပဲ ခေါက်ရိုးမကျိုးတဲ့ ဘ၀တစ်ခုမှာ အရာရာတိုင်းဟာ နတ္တိပေါ့...”
{ဇောင်း}

အချစ်ရေး အဆင်ပြေပုံမရဘူး
တခုအကြံပေးမယ် လယ်ကွင်း တခု ဒါမှမဟုတ်
ကွင်းပြင်တခုမှာ တအားအော်ဟစ်လိုက်ပါ
သက်သာသွားလိမ့်မယ်။
“ဟင်း.....” လို့တောင် မအော်နိုင်တဲ့ဘ၀မို့
ခံရပေအုံးမပေါ့.... :(
စာတွေလာဖတ်သွားပါတယ်
"လေထဲက အိမ် ယိမ်းယိုင်ပြိုပျက်"
ဖတ်ပြီးစိတ်မကောင်းပါ
ပညာရေးအကယ်ဒမီအတွက်
ဂုဏ်ယူပါတယ်
အားပေးနေပါတယ်
ကိုဇောင်းက ဟင်းးး လို့တောင်မအော်နိုင်ပေမဲ့...ကျွန်တော်က ဟင်းးလို့သက်ပြင်းချမိတယ်။ ဒီလိုအဖြစ်မျိုး တော်တော်များများ ကြုံဖူးတယ်။ ကိုယ်တိုင်လည်း ကြုံဖူးတယ်။
ဟင်းးး!
“ဟင်း...” အချစ်ရေး အဆင်မပြေတဲ့သူတွေကလည်း ၁၀၀မှာ ၉၉.၉ ယောက် ဖြစ်နေသလိုပါပဲလားနော်