အသိုင်းအ၀ိုင်း နဲ့ အဆင်မပြေတိုင်း
မုန်းမေ့စိတ်က ၀င်ရောက်လာသတဲ့လား

အို....
ကောင်းကင်ရယ်
မင်းရွာချခဲ့တဲ့ မိုးရေတွေက ပုရွတ်ဆိတ်တစ်ကောင်လို
ငါ့အတွက်တော့ ပင်လယ်တွေဝေလို့ပေါ့

ဘယ်ဘက်က ထုထု အနာခံရတဲ့
နှစ်ဖက်တီး “ဗုံ” လိုပဲ အသာစံဖို့အတွက် အနာခံရသတဲ့လား

အနားမညီမျဉ်းပြိုင်ဆိုတာ
ဘယ်လိုမျဉ်းလည်း အတိအကျ နားမလည်ခဲ့ပေမဲ့

လေလွှင့်လူလို လွမ်းလွန်းလို့
ဆောက်တည်ရာမဲ့ရင်း အလွမ်းကဗျာတွေသာ ရေးစပ်မိခဲ့တယ်