စိတ်ညစ်ပါတယ်
လိပ်ဖြစ်တာ အခွံထူလို့

စိတ်ရယ်တဲ့ရှုပ်ပါမှ
သပွတ်အူကို အ“စ”ရှာရသလို

တစ်ဘူ(ဗူ)ပေါ် တစ်ဘူ(ဗူ)ဆင့်တယ်
ကံရယ်တဲ့ အချွန်နဲ့မ

စိတ်ရယ်တဲ့ ညစ်ကာမှ
မသောက်ပဲ ခွက်ကပ်နဲ့မူး အရူးလို့တောင်ပြောခံရ

ကံဆိုးမိုးမှောင် ခွေးလိုက်လို့ဟောင်တော့
ပုဆိုးဆွဲကာ အလွတ်ပြေးရတယ်

သေဟဲ့ နန္ဒိယရဲ့
လသာညမှာ ဖိနပ်ပျောက် ကံရယ်တဲ့ ဆိုးရွား

ဆွမ်းခံရင်းငှက်သင့် လေသလား
လသာညထဲ သရဲခြောက်

မေ့မေ့ပျောက်ပျောက်
အလင်္ကာမမြောက်တဲ့ ဒီအချိန်တွေထဲ
စိတ်ပိန် လူပမ်း သိမ်ငယ်စိတ်က အစိုးမရပါတကား...။

{ZaunG}