ကျွန်တော်ရေးချင်တာတစ်ခုက blogger.com (or) blogspot.com မှာ အကောင့်ယူထားပြီး ဘာမှမပြောင်းလဲပဲ ဆက်လက်ရေးသားနေသူတွေအတွက်ပါ၊ နောက်တစ်ခုက အဲ့ဒီလို မပြောင်းလဲပဲ ထားခြင်းက blogger.com (or) blogspot.com ကို ပိတ်ထားသော နိုင်ငံတွေမှ ကြည့်ရင် ၀င်ရောက်လို့မရတာ နဲ့ ဒိုမိန်းနိမ်း ပြောင်းထားသော်လည်း ပုံတွေကို မမြင်ရတာတွေအတွက်ပါ။
ကျွန်တော်တို့တွေဟာ ကိုယ်ပိုင်ဆန်းသစ်ဖန်တီးမှု၊ စိတ်ရဲ့ခံစားချက်တွေကို Blog မှာ ရေးပြီး တင်ထားတတ်ကြပါတယ်၊ အဲ့လိုလုပ်ခြင်းကလည်း တစ်ခြားလူတွေ ၀င်ရောက်ဖတ်ရှုဖို့ပဲမဟုတ်ပါလား၊ ဒီလိုဆိုရင် တစ်ခု အကြံပေးချင်ပါတယ်၊ စာဖတ်သူမှာ Blog (blogspot) ရှိခဲ့မယ်ဆိုရင် ဘယ်နိုင်ငံကမဆို အလွယ်တစ်ကူဝင်ရောက်လို့ရအောင် ပြုလုပ်လို့ရမယ်ဆိုရင် စိတ်ဝင်စားမယ်ထင်တယ်နော်၊ စိတ်ဝင်စားရင် ဆက်ဖတ်ကြစို့ဗျာ၊ စိတ်မ၀င်စားရင်လည်း ဆက်ဖတ်ပေါ့နော် :P
“ဒိုမိန်းပြောင်းလဲခြင်း”
Blogger.comမှာ အကောင့်တစ်ခုရယူလိုက်ပြီးတဲ့အခါ ဥပမာ - http://yourname.blogspot.com ဆိုပြီးရလာပါတယ်၊ တစ်ခုမှတ်ထားရမှာကတော့ blogger.com (or) blogspot.com ကပေးတဲ့ Link (http://yourname.blogspot.com)ဟာ Blogger.com စရင်းဝင်ဖြစ်တာကြောင့် ပိတ်ထား ဘမ်းထား တဲ့ နိုင်ငံတွေကကြည့်ရင် နည်းအမျိုးမျိုးသုံးပြီး ၀င်ရောက်ကြည့်ရှုရပါတယ်၊
အဲ့ဒီအတွက် ပူစရာမလိုအောင် ဒီမှာ Post တင်ထားပါတယ် နိပ်ပြီးဖတ်ကြည့်လိုက်ပါ။ ဒိုမိန်းနိမ်း အခွဲပေးထားတဲ့ Post ပါ၊ အဲ့ဒါကတော့ မြန်မာဘလော့ဂါထဲက အစ်ကိုကြီးတစ်ယောက်က စေတနာသက်သက် အခမဲ့ပေးထားတာပါ၊ တစ်ကယ်လို့ မိမိနာမည်နဲ့ ကိုယ်ပိုင် ဒိုမိန်းဝယ်ချင်တယ်ဆိုရင် ဥပမာ - .com , .net , org, info... ဒီမှာ Post တင်ထားပါတယ်၊
“ပုံလင့်ပြောင်းလဲခြင်း”
နောက်တစ်ခုက Theme ပြောင်းတဲ့အခါမှာ Blogspot အတွက် လုပ်ထားပေးတာကြောင့် Theme တွေရဲ့ ပုံတွေမှာ http://4.bp.blogspot.com/ဥပမာ.jpg ဆိုပြီးရှိနေတတ်ပါတယ် အဲ့လိုဆိုရင် Theme ကိုပြောင်းတာပြောင်းထားတာ ပိတ်ထားတဲ့နိုင်ငံတွေကနေကြည့်မယ်ဆိုရင် ပေါ်မည်မဟုတ်ပါ၊
နောက်တစ်ခုက Post တင်တဲ့အခါ စာနဲ့ပုံနဲ့ ရောပြီးတင်တတ်ကြပါတယ်၊ တင်တဲ့အခါ Post ရေးတဲ့ tool တွေထဲက Add image ကို နိပ်ပြီး ပုံထည့်တာကြောင့် ပုံရဲ့လင့်ကလည်း http://4.bp.blogspot.com/ဥပမာ.jpg လိုပေါ်နေပါလိမ့်မယ် အဲ့ဒီလိုတွေဖြစ်နေရင်တော့ Blogger.com ကို ပိတ်ထားတဲ့နိုင်ငံတွေက ကြည့်မယ်ဆိုရင် မြင်ရမှာမဟုတ်ပါဘူး၊ နောက်တစ်ခုက ဒိုမိန်းနိမ်းသာပြောင်းထားသော်လည်း ပုံလင့်က အဲ့ဒီလိုဖြစ်နေရင် မြင်ရမှာလည်း မဟုတ်ပါ၊
ဒိုမိန်းနိမ်းကိုပြောင်းထားပြီး ပုံတွေကို မြင်ရဖို့ ပုံလင့် (image url) ပြောင်းပေးဖို့လိုပါတယ်၊ အဲ့ဒီအတွက် ပုံကို Saveလုပ်ပြီး http://www.imageshack.us မှာ Upload လုပ်ကာ မူရင်းလင့်ကို ဖျက်ပြီး လင့်အသစ်ကို အစားထိုးပေးရပါတယ်။
“မိမိWebpage ကို မြန်မြန်ပွင့်စေချင်လျှင်”
Blogတစ်ခုဟာ လူ့ခန္ဓာကိုယ်နဲ့တူနေပါတယ်၊ ဘာကြောင့်လည်းဆိုရင် အ၀တ်အစားလှလှလေးကို ပြောင်းလဲပေးစေခြင်းကြောင့်ပါ၊ Theme ပြောင်းခြင်းကို ဆိုလိုပါ၏၊ Theme ပြောင်းထားတာ လှလေလေ ဖွင့်ရတာ ကြာလေလေပါပဲ၊ ကွန်နက်ရှင်မကောင်းတဲ့ နိုင်ငံတွေကနေဖွင့်မယ်ဆိုရင် တော်တော်နဲ့ကို စောင့်ရပါတယ်၊ ပြည်ပကဆိုရင်တော့ အေးဆေးပေါ့လေ၊ ဒီPostရဲ့ အဓိက ကတော့ ပြည်တွင်းအတွက်ပြောခြင်းပါ။
မိမိရဲ့ Webpage ကို ကော်နက်ရှင်မကောင်းတဲ့အချိန်မှာ ဖွင့်လိုက်တာနဲ့မြန်မြန်ပွင့်လာအောင် လုပ်နည်းကတော့ ပုံတွေကို လျှော့ရပါမယ်၊ နဘေးက (widget)ထဲမှာထည့်တဲ့ Flash တွေ ပုံတွေပေါ့ အဓိက ကတော့ .png လိုအမျိုးအစားတွေကတော့ Page ကို လေးစေပါတယ်၊
Webpage တစ်ခုမှာ လေးစေနှေးစေတဲ့အရာတွေကတော့ image ဆိုရင် .png အမျိုးအစားဖြစ်ပြီး၊ ပုံများများတင်ထားလေလေ လေးစေနှေးစေပါတယ်၊ နောက်တစ်ခုက Javaတိုလီမိုလီလေးတွေပေါ့ .js အမျိုးအစားလေးတွေပါ သူတို့လေးတွေကို အထည့်များထားရင်လည်း ဖွင့်ရတာ လေးစေနှေးစေပါတယ်။
သင့်ရဲ့ Webpage က လေးနေမယ် နှေးနေမယ်ဆိုရင်တော့ အလည်လာသူကလည်း ကော်နက်ရှင်မကောင်းတဲ့အချိန်နဲ့ တိုးနေရင် စိတ်ပျက်မိပါလိမ့်မယ်၊ အရင်တုန်းကတော့ ကျွန်တော့ရဲ့ Blog ကို ၀င်ရတာလေးလွန်း နှေးလွန်းတာကြောင့် ပေါ့ပေါ့ပါးပါးရှိအောင် Themeရိုးရိုးပဲ ပြောင်းထားလိုက်ပါတယ်၊
တစ်ကယ်တမ်းက Theme လှတာ မလှတာနဲ့ မဆိုင်ပါဘူး မိမိရေးတဲ့စာတွေကသာ ကောင်းနေဖို့အဓိကပါ။
မှတ်ချက် ။ ။ စာရှည်သွားပါတယ်၊ သေချာပေးကြည့်ပါ သင့်အတွက် အကျိုးမယုတ်ဘူးလို့လည်းထင်ပါ၏။
[ဘာကြောင့် ဒီပိုစ့်ကိုရေးလည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က အနှေးဆုံးကော်နက်ရှင်ကို သုံးနေပြီး ကျော်နေရခွနေရခြင်းကြောင့်သာ]

{ZaunG}

လာဖတ်သွားတယ်နော်..ကိုဇောင်းက .net ဆိုတော့ ၀ယ်ထားတာပေါ့နော်...ကိုယ့်နာမည်နောက်မှာ .net ၊.com တို.လိုချင်ရင်ဝယ်ရမှာပေါ့နော်..အလကားဆိုရင်တော့ myanmarblogger ဆိုတာပါမှာပေါ့...စဉ်းစားဦးမယ်..
thanks..
ကိုမင်းပျိုရေ အလကားရတဲ့ ဒိုမိန်းတွေက အများကြီးရှိတယ်ဗျ ဥပမာ- co.cc လိုမျိုးတွေပါ သူတိုက အလကားပေးတယ်ဆိုပေမဲ့လည်း ၁၁-လ သို့မဟုတ် ၁-နှစ် အဲ့လောက်ပဲပေးတယ်ဗျ၊ Myanmarbloggers.org ကတော့ တစ်နှစ်တစ်ခါဆောင်စရာလိုဘူးဗျ အမြဲတမ်း Free ပါ
.com , .net ,... စသာတွေကတော့ ၀ယ်ရတာက တစ်နှစ် ၁၃၀၀ ပါ တစ်နှစ်ကုန်ရင်ထပ်ဆောင်ရပါတယ်
blogspot ကိုဖက်တွယ်လာတာ ၂ နှစ်ကျော်ပြီမို့ ထားရှိတဲ့ သံယောဇဉ်ကို ငဲ့တာက တစ်ကြောင်း၊ မလုပ်တတ် မကိုင်တတ်တာက တစ်ကြောင်း ပျောက်ပျက်သွားမှာ စိုးတာက တစ်ကြောင်း ကြောင့် မောင်ဒါဝတ်နဲ့ပဲ ခရီးဆက်ပါအုန်းမယ်။ ပို့စ်တွေနဲ့ စေတနာတွေအတွက် ကျေးဇူးပါ ...
လေးစားလျက်
ကျေးဇူးပါ။ မပြောင်းချင်တော့ပါဘူးဗျာ။