မယ်အိ က တက်ဂ်တော်မူလိုက်တာကြောင့် ရေးလိုက်ပါတယ် :P ၊ ဒါပေမဲ့ ဒီလိုလေးတွေကို ရေးရတော့ ငယ်ငယ်တုန်းက ကျောင်းသား ဘ၀ကို မြင်ယောင်မိတယ်၊ နွေရာသီကျောင်းပိတ်ခါနီးဆိုရင် သူငယ်ချင်းတွေနဲ့ အပြန်အလှန် လက်မှတ်ထိုးတာတို့ နှစ်သက်ရာလေးတွေ ကဗျာလေးတွေ ရေးပေးတာတို့ကို သတိရမိတယ်၊ ရေးပီနော်.....


ကိုယ့်ကို ဒီလိုခေါ်ကြတယ်
ဟေ့..လုံးအာ လာအုံး

အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က
ဟိုဒင်းက ဟိုဟာဖြစ်တယ် ဒီဟာက ဒီလိုဖြစ်တယ် ၊ ပုဆိုးစလွယ်သိုင်းက ပိုကောင်းမယ် :P

အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ
ပုလင်းကွဲဟင်းကျို၊ ပုရွက်ဆိတ်ဦးနှောက်ချက်၊ လမင်းဟက်ပွိုင်ကြော်၊
(ငယ်ငယ်တုန်းကလေ အိမ်မှာဘာဟင်းချက်တယ်ဆိုတာကို ကြွားကြတဲ့အချိန်ပေါ့)

အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)
ဂေါ်လီ၊ သရေကွင်း၊ လောက်စလုံး (တည်ပစ်ဖို့လေ၊ ငယ်ငယ်တုန်းက အဲ့လိုဆော့၏)

လိုချင်တဲ့ လက်ဆောင်
လန့်စရာမဟုတ်ရင်ပီးရော:P

အကြိုက်ဆုံး ဇာတ်ကား
3D ကာတွန်းကားတွေ

အကြိုက်ဆုံး ဟာသဇာတ်ကောင်
တွန် အန် ဂျယ်ရီ

အကြိုက်ဆုံးစာရေးဆရာ
ဗျူး၊

အခိုက်ဆုံးစာအုပ်
ဗီတာမင်စာစုများ(တာရာပွကြီး အုပ်စု)

အချစ်ဆုံးသူရှိရင်
ကလေးဘဲရှိသေးတာကို ဘယ်က အချစ်ဆုံးလည်း တိဘူး တွား :P

ရင်အခုန်ဆုံးအချိန်
ကျောင်းလစ်လို့ ရုံးခန်းရောက်တိုင်း

ဘ၀ဆိုတာ
ဂွေလိုပဲ လိမ့်နေတယ် ( ဘိမ်းလိမ့်တမ်းဆော့တဲ့ စက်ဘီးတာယာ )

စိတ်တိုရင် ဘာလုပ်
စိတ်တိုရင်လား စိတ်တိုရင် ဘေးကလူကို ကိုက်ပလိုက်တယ် :D

အကြိုက်ဆုံးသီချင်း
အမေနဲ့ရွာကို သားမောင်လွမ်း (ဟင်္သာထွန်းရင်)
(ကျွန်တော် ငယ်ငယ်တုန်းက အဲ့ဒီသီချင်းပဲ အိမ်ကဖွင့်နေတော့ အလွတ်ရနေလို့)

ဝါသနာ
ဂေါ်လီပစ်တယ်၊ သရေကွင်းပစ်တယ်၊ စစ်တိုက်တမ်းကစားတယ်၊

မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု
မိုးပေါ်ပျံချင်တယ်(ငယ်ငယ်တုန်းက ကလေးအတွေးနဲ့လေ ဟီးးဟီးး)

လက်ဆွဲဆောင်ပုဒ်
မနက်ဖြန်သည် ဒီနေ့လောက်ဆော့လို့ကောင်းမယ်မထင်

အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက
ဇီးကွက်ကို အားကျလို့

ချစ်သူကို ဆိုပြချင်တဲ့ သီချင်း
လိပ်ဥပျောက်လို့ လိပ်မ ရှာ သူ့ခမျာ ငိုမဲ့ငိုမဲ့ ( ဟင်္သာထွန်းရင် )

ပြောပြချင်တဲ့ ဟာသတိုလေး
မဗိုက်ပူရယ် ညည်းမှာလည်း ကလေးနဲ့ ကျုပ်မှာလည်း အကြွေး နဲ့ :P

မယ်အိရေး ရေးပီးပီးနော် ပျော်ရွှင်ပါစေ :)
{ZaUnG}