အုပ်ထိန်းသူများက မိမိတို့၏ သားသမီးများ စာသင်ကျောင်းကို သွား၍ ပညာသင်ကြသည်ကို ကြည့်၍ ဝမ်းသာပီတိဖြစ်နေကြရသည်မှာမလွဲပါ။ သို့သော်လည်း ခေတ်ကာလများသည် တစ်ဖြေးဖြေး ရွေ့လျားလာသည်နှင့်အမျှ အသိဉာဏ်များက တိုးတက်ပြောင်းလဲလာခဲ့လေသည်။
အုပ်ထိန်းသူတို့ ငယ်စဉ်တုန်းက ကလေးဘ၀သည် ယခုခေတ် ကလေးဘ၀နှင့် လုံးဝ မတူညီ တော့ပါ။ အုပ်ထိန်းသူတို့ ငယ်စဉ်တုန်းက အသက်၂၀-အထိပင် ချစ်သူရည်းစားထားဖို့ဝေးစွ ရင်ခုန်ခြင်းဆိုသည်ကို သရုပ်ဖော်၍မတတ်သော ခေတ်ကာလပင်ဖြစ်သည်။
ယခု တိုးတတ်လာသော ခေတ်နှင့်အညီ ၁၀-နှစ် အထက်ကလေးများသည် ရင်ခုန်တတ်စ အသည်းကွဲစ ဖြစ်တတ်လာခဲ့ပေသည်။ မိဘများက ကလေးများကို ပညာတတ်ဖြစ်အောင်ရည်ရွယ်၍ ကျောင်းသို့လွှတ်သည်။ သော်သို့ ယခုခေတ်ကာလကလေးများသည် ကျောင်းတွင် ပညာမရှာပဲ ချစ်သူရည်းစားများ ရှာနေသလိုဖြစ်ပေသည်။
ထို့အတူ ယခုခေတ်တွင် ခေတ်စားနာမည်ကြီးနေသော အင်တာနက်(ကွန်ပျူတာ) များကို မိမိတို့ သားသမီးများက အသုံးပြုနေကြသည်ကို မိဘများက မြင်ကြရသောအခါ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိဘများက ၀မ်းသာကြည်နှူးပီတိဖြစ်ကြရပေသည်။ ကလေးသူငယ်များသည် အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုပါက မိဘများရဲ့ ပီတိဟာ စစ်မှန်သော ပီတိဖြစ်ရပေတော့မည်။
ထိုသို့မဟုတ်ပဲ အင်တာနက်ကို ချစ်သူရည်းစားရှာခြင်းတစ်ခုတည်းအဖြစ် အသုံးပြုနေကြသူ သို့မဟုတ် မျောက်ပြ ဆန်တောင်း နေကြသူများ ဖြစ်နေကြပါက မိဘများရဲ့ ပီတိဟာ ခဏသာပဲ ဖြစ်စေပါတော့တယ်။ ထို့အတူ အင်တာနက်ကို အသုံးပြုနေကြသော လူများသည် သူ့စည်းကိုယ့်စည်းဆိုသည်များလည်း ရှိကြရပေသည်။ အောင်မြင်မှုတစ်ခုကို ဘမ်းပြ၍ တောင်ကုတ် မြောက်ကုတ် လုပ်နေသည်မှာလည်း ခက်လှပေသည်။ စည်းဆိုသည်မှာ နေရာတစ်ကာ၌ရှိပေသည်။
ပမာဆိုရသော်......
အင်တာနက်လောကတွင် သူတစ်ပါးက ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသားထားသော စာများကို မိမိက ကူးယူ၍ မိမိနာမည်ဖြင့် ဖော်ပြပါက မူရင်းရေးသားသူ၏ အမည်အား မဖော်ပြခြင်းကြောင့် စည်းတစ်ခုဖောက်ရာ ကြပါသည်။ နောက်တစ်ခုက အင်တာနက်လောကသည် လူအချင်းချင်းတွေ့မြင်ရသည်မှာ ဖန်သားပြင်ပေါ်၌သာဖြစ်သောကြောင့် သူတစ်ပါး၏ ချစ်သူမှန်းသိရက်နှင့် နည်းမျိုးစုံဖြင့် လုယူရာ၌လည်း စည်းဖောက်ရာကြပေသည်။ နောက်တစ်ခုက ဟက်သည်(Hack)ဆိုရာ၌ ထိုသူသည် အားလုံးအတွက် အနှောင့်အယှက်ဖြစ်စေသောကြောင့် ဟက်လိုက်သည်မှာ အပြစ်ပြောစရာမဟုတ်ပေမဲ့။ အပြစ်မရှိသော သူတစ်ပါး၏ ပိုင်ဆိုင်မှုတစ်ခုအား ဟက်လိုက်သည်မှာ ဖျက်လုပ်ဖျက်စီးဖြစ်ရာကြသောကြောင့် စည်းဖောက်ရာရောက်ပေသည်။
အင်တာနက်လောကတွင် မည်မျှပင် လူချစ်လူခင် ပေါများနေစေကာမူ အထက်ပါစည်းများကို ဖောက်ခြင်းကြောင့် ရရှိထားသော အောင်မြင်မှုသည် သဲထဲရေသွန်သလိုသာဖြစ်တော့သည်။ အများနှင့်သက်ဆိုင်သော အင်တာနက်လောကတွင် အကျိုးရှိရှိအသုံးချပါက သင်သည် စင်စစ်မုချ အောင်မြင်ရမည်မှာ မလွဲပါ။

လွန်တာရှိ ၀န္ဒာမိ
{ဇောင်း}
{ဇောင်း}

ညီ ရေ အခုလို သိရတော့ အစ်ကိုလည်း ကိုယ်ချင်းစာပါတယ် ကွာ...။ :(
"စည်း" ဆိုတာ လူတိုင်း လူတိုင်း မှာရှိသင့်တယ်
စောင့်စည်းခြင်းဆိုတာ ဘယ်နေရာမဆို ရှိသင့် ရှိထိုက်တဲ့အရာပဲ။