အပြတ်ပြတ်နဲ့၊ ထွက်ခဲ့ဖူးသော၊ သစ္စာပုရပိုဒ်ထဲက၊ နှလုံးသားသွေးစက်တွေ၊ နီကြန်လို့နေလည်း၊ မမူသူ မကြင်နာစိမ်းကား၊ မိဖုရားတစ်ဦး၊ လိုချင်တက်မတ်၊ ကာမရမက်တစ်ခုရယ်နဲ့၊ ဆုံးခန်းတိုင်ခဲ့လေပြီ။ ပျားဘုရင်မနား ၊ ခဏတစ်ဖြုတ်တာ၊ အိပ်စက်ရသော၊ ပျားထီးတွေလို၊ ကျွန်ုပ် အညတရမနုဿ၊ ခံနိုင်စွမ်းက၊ အရာရာနတ္တိ၊ မင်းမရှိရင်၊ ရင်မှာအရူးအမူး၊ ငိုကြွေးရင်းနဲ့၊ ရည်းစားလူလု အူနုကျွဲခတ်သလို၊ ခံစားရနေ၊ ဒီရင်ခွင်က၊ မင်းအတွက်တစ်နေရာ၊ လစ်လပ်နေဆဲ၊ ခွင့်လွှတ်ခြင်းများစွာနဲ့၊ ငါ့ရဲ့ မနက်ဖြန်အတွက် နေလုံးနီနီရယ်၊ ကွယ်ပျောက်လျက်ပါပဲ....။
နွမ်းမှာစိုးလို့
ယုယပြုစု
ကြင်နာမှုကို
လျစ်လျှူရှု
ရင်ခွင်အသစ်ကို
မျှော်သလားကွယ်.......
{ဇောင်း}
ကလေးရယ်နွမ်းမှာစိုးလို့
ယုယပြုစု
ကြင်နာမှုကို
လျစ်လျှူရှု
ရင်ခွင်အသစ်ကို
မျှော်သလားကွယ်.......
မငိုခဲ့ဖူး
ငိုခဲ့ဖူးပြီ
မထူးမဲ့ဇာတ်မို့
ဆက်ကရမလား
တစ်ခန်းရပ်နဲ့ ရပ်တန့်ရမလား
ပြီးပြတ်လိုက်ရင်
ပိုကောင်းလေမလား.......
လွမ်းသူမျှော်ဆဲ ဝေးရပ်မြေက
စိတ်မချနိုင်တာအခုများတော့...
{ဇာတ်သိမ်းရခက်}
{ကိုရီး} + {ဇောင်း}
ငိုခဲ့ဖူးပြီ
မထူးမဲ့ဇာတ်မို့
ဆက်ကရမလား
တစ်ခန်းရပ်နဲ့ ရပ်တန့်ရမလား
ပြီးပြတ်လိုက်ရင်
ပိုကောင်းလေမလား.......
လွမ်းသူမျှော်ဆဲ ဝေးရပ်မြေက
စိတ်မချနိုင်တာအခုများတော့...
{ဇာတ်သိမ်းရခက်}
{ကိုရီး} + {ဇောင်း}
သစ္စာတွေနဲ့ အနာဂတ်ကို ပုံအပ်ခဲ့ပြီပြီ။ အရာရာနတ္တိလူသားတစ်ယောက်အတွက် ကြင်နာယုယခြင်းတွေကို ပေးချင်သော်လည်း အနေချင်းရယ် ချောင်းခြားနေသလို ဆွေ့မြေ့စွာနဲ့ အပြတ်ပြတ်သစ္စာ.....
.

ရောဂါမသက်သာသေးဘူးလား
အကြံပေးထားတဲ့အတိုင်းလုပ်ကြည့်ပြီးပြီလား
ညီလတ်
မထင်မှတ်ထားခဲ့ပါဘူး
ပြောင်းလဲခြင်းတွေက မြန်ဆန်လွန်းတယ်....
မယုံနိုင်လောက်အောင် အံအားသင့်စေခဲ့တယ်.....
ကိုရီး{ကိုကြီး}
လိုင် ရဘူးဗျ ဘယ်လိုမှ လုပ်လို့မရတာ အချစ်ကိစ္စပဲ၊
ယုံစားမိတာကိုပဲ ဒဏ်ပေးရမလို ဖြစ်နေ၏ :(
ဟင်းးးးးးး ကိုရီးလို လူပျိုကြီးပဲ လုပ်ရမလားသိတော့ဘူး :P
ငြိမ်းချမ်းတာပေါ့ ညီလတ်ရာ
အပူအပင် ကင်းတာပေါ့။
မငိုခဲ့ဖူး
ငိုခဲ့ဖူးပြီ
မထူးမဲ့ဇာတ်မို့
ဆက်ကရမလား
တစ်ခန်းရပ်နဲ့ ရပ်တန့်ရမလား
ပြီးပြတ်လိုက်ရင်
ပိုကောင်းလေမလား.......
အသဲကွဲနေသလား ဇောင်းရယ်
@နန်း
အသည်းကွဲနေတယ်လို့ ပြောရမလား၊ အသည်းကွဲတယ်လို့ ပြောရမလားသိဘူး၊ သေချာတာကတော့ သစ္စာတွေဖောက်ပြန်မှုကြောင့် အညှာခံလိုက်ရတယ်လို့ပဲ ပြောရတော့မယ်ဗျာ....
အွိ(စ်).....
အစ်ကိုရ.....အဲလောက်တောင်ပဲလားဗျာ..