တစ်ချိန်တစ်ခါက မကြင်နာယုယလို့ နှလုံးသားအပြစ်ဒဏ် သင့်ခဲ့ရတယ်။ နွေဦးရဝေ ဥသြငယ်လို လွမ်းနာလည်းကျ ဆွေးမြေ့စွာနဲ့ ချစ်သူရည်းစား သူတစ်ပါးလက်ထဲ ကျရောက်သွားမှာ မလိုလားအပ်လို့ ခနိခဏ လူကြမ်း လုပ်ရတယ်။

ချစ်ခြင်းရယ်ကြောင့် ဗီလိန်ဖြစ်နေ လူကြမ်းတွေတောင် ကိုးကွယ်လောက်ရဲ့ ကြမ်းတမ်းစကား မဆိုရက်ပါဘူး မည်သို့ဆိုစေ ပြစ်ခွာသွားမှာ စိုးနေရသမို့ သနားညှာသာ ဒီမောင့် ရင်ကို အကြင်နာမြှားဦး ပစ်လွှတ်လှည့်ပေါ့ နာကြင်ခြင်းက ကြင်နာခြင်းဖြစ်အောင် စိတ်ချင်းဆောင်။

မျှော်သာမျှော် ပေါ်မလာသူမယ် ပျော်လို့နေသလား ရင်ခွင်သစ်က အဟောင်းထက် နားလည်နိုင်ပါ့မလား စာနာခြင်းနဲ့ကြင်နာခြင်းတွေရယ်၊ရေမြေချောင်းခြားဝေးရပ်မြေမှာ
ဝမ်းရေးအတွက် ရုန်းကန်နေရသူခြင်း အချိန်တန် အိတ်ဖောင်းလို့ စိတ်ပြောင်းကာ မွေးရပ်ကို ပြန်လာရမယ်။ ခဏသာခိုးနားရာ ရင်ခွင်ရယ် မဖြစ်စေလိုတယ်။

လူအပါးဝတာရယ်များလှ လောကကြီးထဲ မနုဿဋီကာ ကျမ်းတတ်သူများကြား ရှောင်ရှားစေလိုတယ် တစ်ခါတစ်ရံ ချစ်ခြင်းရယ်ကြောင့် ဒေါသဖြစ်ရတယ်။ အမှောင်က လူကိုဘယ်မြင်နိုင်မလဲ၊ တွေဝေတိမ်းရှောင် မနုဿကြား ပ၀ါပါးနဲ့ ကြက်သားမထုတ်စေချင်တယ်။

ရင်ခွင်တကာထဲ အနွေးထွေးဆုံးမယ် မာတာမိဘ ရင်ခွင်ရယ်ပါ
ခလုတ်ထိလို့ အမိတလည်း အစဉ်အမြဲ ရင်ခွင်တံခါး ဖွင့်လို့ထားတာ အနွေးထွေးဆုံးရင်ခွင်ပါ ၁၅၀၀အပူမီးထဲက အချစ်တွေရယ် ချစ်ခြင်းခဏသာ ချစ်သူဖြစ်ကြရတယ်၊ အမုန်းနိဂုံးရောက်ကျရာဝယ် ကမ္ဘာ့ရန်သူပမာဖြစ်တတ်ကြတယ် အေးမြဆုံးအချစ်ရယ် ၅၂၈တွေပါ။

မိဘသေရင် မိဘအစားမရသလို မောင်ဘွားသေရင် အစားမရဘူးတဲ့၊ လင်ယောက်ျား/မိန်းမ သေရင် အစားရနိုင်ပါသေးတယ်၊ မိဘရင်ခွင်ဟာ အေးမြလှတာမို့ အပူမီးအချစ်တွေကို မမက်မောပါနဲ့လား ရင်ခွင်ကြားက ဓားသွားတစ်လက် မဖြစ်စေချင်ဘူး၊ ခဏသာပျော်ရွှင်မှုတွေရယ် မျှော်လင့်ခြင်းကို မဲ့ခဲ့စေတယ်၊

အသိဉာဏ်ပိတ်ဖုံး အလွမ်းနိဂုံးတွေလည်း မလိုချင် မဖြစ်ချင်တော့တယ်၊ နားလည်ခွင့်လွတ်ရင်းနဲ့ မျှော်လင့်ရောင်ခြည်ဟာမနက်ဖြန်တိုင်းအတွက်အားဆေးတစ်ခွက်မို့ လိမ္မာစေတော့ ကလေးရယ်......
{ဇောင်း}