![]() ပထမဦးဆုံး ပြောချင်တာက အခုလို ဘလောဂ့်အကယ်ဒမီဆုရခြင်းက ကျွန်တော်တတ်လို့ တော်လို့ရခြင်းမဟုတ်ပဲ၊ မြန်မာစာ မြန်မာစကား သို့ အလည်လာ ဖတ်ရှုကြသူများ၏ အားပေးခြင်းကြောင့် ဆုရတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ၊ ဤမြန်မာစာ မြန်မာစကားတွင် ပါရှိသော စာများသည် မြန်မာစာကိုပြုစုကြသော ကျမ်းပြုဆရာကြီးများ (စာရေးဆရာကြီးများ)၏ စာများ၊ မြန်မာစာအဖွဲ့မှ စာများဖြစ်သောကြောင့် ဆရာ့ ဆရာကြီးများ အားလုံးကို ကျေးဇူးတင် ဂါရ၀ပြုအပ်ပါတယ်ခင်ဗျာ။ မြန်မာစာ မြန်မာစကား အတွက် ရရှိသော ဆု(Domain & Hosting)အားကျွန်တော့်ကိုယ်ရေးကိုယ်တာအဖြစ်အသုံးမပြုပဲ၊ အများအကျိုးအတွက် သင့်လျှော်မည့် အသင်းအဖွဲ့ (အင်တာနက်တွင် အုပ်စုလိုက် Website လုပ်နေသူများကို ဆိုလိုပါသည်) တစ်ခုခု အား ပေးအပ်လှူဒါန်းဖို့ ရည်ရွယ်ထားပါသည်။ မြန်မာစာမြန်မာစကားကို လူသိများ၍ စာများလာရောက် ဖတ်ရှုနိုင်ရန်အတွက် လိုက်၍ ကြေငြာ၊ သွားရောက် လည်ပတ်ပေးသော မမြတ်မွန် ကိုလည်း ကျေးဇူးအထူးတင်ပါ၏၊ ကျွန်တော့်ကို အမြဲအားပေးတဲ့ ကျွန်တော့်ရဲ့ ကိုရီး{ကိုကြီး}ကိုလည်း ကျေးဇူးတင်ပါသည်။ မြန်မာစာ မြန်မာစကား သို့ အလည်လာ ဖတ်ရှုကြသော Blogger ညီအစ်ကိုမောင်နှမများနှင့် Bloggerဘက်မှမဟုတ်သော စာဖတ်သူများနှင့် နေ့စဉ်အဆက်မပြတ်လာရောက် ဖတ်ရှုအားပေးသော စာဖတ်မိတ်ဆွေကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ {ဇောင်း} http://myanmarsar.zaung.net |
မှတ်ချက်______
ဆုရတဲ့ သတင်းက ကြားတာကြာနေပေမဲ့လည်း ဂုဏ်ပြုလွှာက အခုမှ(၄.၂.၂၀၁၀)ရောက်လာတာကြောင့် ကျေးဇူးတင်လွှာကို အခုမှရေးဖြစ်တာပါ၊ Cbox မှာ လာရောက် ဂုဏ်ပြုသွားသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...
ဆုရတဲ့ သတင်းက ကြားတာကြာနေပေမဲ့လည်း ဂုဏ်ပြုလွှာက အခုမှ(၄.၂.၂၀၁၀)ရောက်လာတာကြောင့် ကျေးဇူးတင်လွှာကို အခုမှရေးဖြစ်တာပါ၊ Cbox မှာ လာရောက် ဂုဏ်ပြုသွားသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...



ဝမ်းသာ ဂုဏ်ယူ ပါတယ် ဇောင်း ရေ...း)
ညီလတ်
ဂုဏ်ယူဝမ်းမြောက်မိပါတယ်
မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ညီလတ်.....
နောက်ထပ် မှတ်တိုင်များစွာကို ဆက်လက် စိုက်ထူနိုင်ပါစေ။
ု
ကိုရီး{ကိုကြီး}
ဝမ်းမြောက်ပါ၏
ဝမ်းသာပါတယ်ဗျာ
နောက်လဲ ရပါစေဗျာ
စိတ်ပျော်ရွှင်မူ့အပေါင်းနဲ့ပြည့်စုံပါစေဗျာ