မှတ်တမ်းမရှိသော ဒဏ်ရာရနှလုံးသား
အပြတ်ပြတ်နဲ့ ယိုစိမ့်ခဲ့သော သစ္စာ
မှောင်မဲကာ ရွာခဲ့သော မိုးရေစက်များထဲ

အသည်းကွဲကဗျာကို ရွတ်ဆိုရင်းနဲ့
လှောင်ပြောင်သံတွေက
နားထဲ မီးပူထိုးနေကြတယ်

အသည်းအသန် ခဲမှန်သလို ချစ်နေခဲ့တော့ ကျေနပ်ပါတယ် ခံစားရသမျှရယ်

လက်ပိုက်ကြည့်လို့ ခါးကိုထောက်ရင်း
ဘယ်နှယ့်လဲ နည်းတောင်နည်းသေးတယ်တဲ့

ဘယ်ဘ၀က အငြိုးတွေလည်း
အထည်ဟောင်းတောင် ဆွေးနေလောက်ပြီ

ရင်ခွင်ဟောင်းတောင် ကလေးတွေတပြုံကြီးနဲ့
ပူတာအိုထဲ သံလမ်းတွေပေါ် သံချေးတောင် တတ်လောက်ပြီ

အမျက်တော်ရယ် ပြေပါစေတော့
ခံစားနေရ ဒီရင်ရယ် မောလှပြီ....
{ဇောင်း}