လွန်ခဲ့သော ရက်ပေါင်း တစ်ရာ့သုံးဆယ်ကျော်တုန်းက ပြောခဲ့သော သူမရဲ့စကားတွေ ပေးခဲ့သောမျှော်လင့်ချက်တွေကို ပြသခင်းကျင်းမယ်ဆိုသောသုံးလပိုင်းသို့ရောက်ခဲ့လေသည်။ ဒီလို သုံးလပိုင်းကို စိတ်ကူးများစွာဖြင့် ပုံဖော်ခဲ့ဖူးပါသည်။ တွေးပြီးတော့လည်း ပျော်ခဲ့ဖူးသည်။ သူမ လာလျှင် အိမ်လေးထဲ ပန်းရနံ့တွေနဲ့ မွှေးကြိုင်စေဖို့ ပန်းပင်များစွာကို စိုက်ပျိုးထားနေခဲ့သည်။

သူမ ပြောခဲ့သော မျှော်လင့်စောင့်စားစေခဲ့သော သုံးလပိုင်းသည် အခုဆိုရင် ရောက်၍လာပါတော့သည်။ မိဘများကလည်း ကြိုဆိုဖို့ စောင့်နေခဲ့လေသည်။ သို့သော်လည်း မျှော်သာမျှော်ခဲ့ရသည် ပေါ်၍မလာသူမမှာ ဘယ်အငြိုးရယ်ကြောင့် ရက်စက်လေသလည်း......
အခုဆိုရင် မျှော်တော်ယောင်အဖြစ်နဲ့ရယ်
လွမ်းလို့နေတဲ့လူ....

{ဇောင်း}