သစ်ရွက်ပေါ်ကနှင်းစက်ကလေးတွေ
နွေဦးက လေရူးတို့ကြောင့်အပူမိကာ
အရည်တွေပျော်ပျက်စီးမျောခဲ့ရတယ်

လေပြေလာလို့ သစ်ရွက်လေးတွေ
ကြွေခဲ့ရရင်အကိုင်းအဖျားက ငှက်ကလေးတွေဘုံပျောက်လောက်တယ်

ကြင်နာမှုကအခြားတစ်ဖက်မှာရင်ခုန်သံက စည်းချက်မညီပါ

မီးမလာတဲ့ ညမှာ သတ်ပုံမှားခဲ့တယ်
ငါ့ရဲ့ ကဗျာ ဘယ်သူဖတ်မလဲ

ခေါင်းပေါ်ရွက်ရောင်းတဲ့ ကုန်စိမ်းသည်လို
ငါ့ရဲ့ ခံစားချက်ကို အလေးခိုးစရာ မလိုခဲ့ဘူး

သန်းခေါင်ယံကလမင်းကိုတော့အခုထက်ထိ ငါတမ်းတဆဲ ကြယ်စင်တွေကို မက်မောတဲ့စိတ် အခုတော့ နတ္တိ မင်းမှမင်းပဲ......
{ဇောင်း}