အေးချမ်းလှသော ရှမ်းပြည်နယ်ရဲ့မြို့လေးတစ်မြို့၊ မိုးရေစိုစွတ်နေသော တောင်ပေါ်လမ်းလေးအတိုင်း သူမရဲ့လက်ကိုတွဲလို့ တစ်ရွေ့ရွေ့လျှောက်လာခဲ့သည်မှာ တောင်ထိပ်သို့ရောက်လာခဲ့လေသည်။ တောင်ထိပ်မှ အောက်ဘက်ဆီကို ငုံ့ကြည့်လိုက်မယ်ဆိုရင် ထင်းရှူးပင်များနှင့် ချယ်ရီပန်းပင်များက တစ်ပင်နှစ်ပင် အစုအဝေးအလိုက် ပေါက်ရောက်နေပုံကိုတွေ့မြင်နိုင်လေသည်။

ထိုစဉ် တောင်ပေါ်လေနုအေးတို့က သူမ၏ နဖူးပေါ်ရှိ ဆံမျှင်လေးများကို လာရောက်ပွတ်တိုက် ဆော့ကစားသွားသည်မှာ ကျွန်ုပ်အနေနှင့် အူတိုသွားမိလေသည်။ ကျေးငှက်တို့ရဲ့ တေးသံလေးတွေနဲ့အတူ သူမရဲ့ နှုတ်ဖျားက ခပ်အေးအေးသီချင်းလေးတစ်ပုဒ်ကို ညည်းဆိုနေပုံများ တောရိုင်းမြေတောင် နတ်ပြည်ဖြစ်လောက်ရဲ့...

“မောင်“

“ပြောလေ အကြည်”

“ဒီလိုတောင်ပေါ်က လေနုလေးတွေတိုက်ခတ်ပုံနဲ့ ငှက်ကလေးတွေ သီချင်းဆိုနေပုံတွေကို မြင်ပြီး လွမ်းစရာကောင်းတယ်နော် ဒီချိန် မောင်တာ မရှိရင် အရမ်းလွမ်းဖို့ကောင်းမှာပဲ..”

“အကြည်ရယ်... မောင်လည်းအတူတူပါပဲ အခုလိုအချိန်မျိုးမှာ အကြည်တာဘေးနားမှာ မရှိနေရင် လွမ်းဆွေးစရာဖြစ်နေမှာ.. ဘယ်လိုပဲဖြစ်ဖြစ် မောင့်ရဲ့ဘေးနားမှာ အကြည်ရှိနေတာ မောင်ကျေနပ်တယ်”

“အတူတူပါပဲမောင်ရယ်...”

သူမ စကားပြောရာတွင် စွဲမတ်ဖွယ်ကောင်းသော ချွန်မြမြနှုတ်ခမ်းတစ်စုံက စိတ်လှုပ်ရှားစရာကောင်းနေပေသည်။ မဟာဆန်သော အလှမျိုးကို ပိုင်ဆိုင်မထားပေမဲ့ သူမမှာ တစ်မျိုးလေးချစ်စရာကောင်းနေသည်မှာ ကလေးတစ်ယောက်လို ဖြူစင်သော အလှမျိုးဖြစ်နေလေသည်။ တစ်ခါတစ်ရံသူမသည် အစားပုပ်သည်။ တစ်ခါတစ်ရံမှာ သူမသည် စိတ်ကူးယဉ်လွန်းသည်။ မည်သို့ဖြစ်စေ သူမသည် ကျွန်ုပ်ကို အမြဲဂရုစိုက် ကြင်နာယုယသည်မှာ အိမ်ထောင်ရှင်မ ကောင်း ပီသနေသလိုပင်။

“မောင်....”

“အကြည့်ကို ဘယ်လောက်ထိ ချစ်သွားမှာလည်းဟင်.. သေတဲ့အထိချစ်မှာလား...”

“သေသွားရင် ချစ်လို့ရတော့ဘူးလေ အကြည့်ရဲ့...”

“ဟင်... ဒါဆို”

“အဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိ ချစ်မှာပေါ့အကြည်ရဲ့...”

“ဟွန့်... မောင်နော် စကားတော်တော်တတ်တယ်...”

“မတတ်ရပါဘူး အကြည်ရယ် တစ်ကယ်ပြောတာ”

“အကြည်တာ မောင့်အပေါ် ပြောင်းလဲမသွားနဲ့နော်...”

“အမလေး မောင်ရယ် ဘယ်သူက စချစ်တာလည်းဆိုတာကို ပြန်စဉ်းစားပါအုံးလား ပြောကိုပြောချင်ဘူး ပိုကိုပိုလွန်းတယ်.....”

“အင်းပါ... အကြည်ရယ် မောင်က အကြည့်ဘက်က စိတ်ပြောင်းလဲသွားပြီး ပစ်သွားမှာပဲ ဆိုးတာ”

“စိတ်ချပါ မောင်သာအကြည့်ကို မပြစ်သွားရင်ပြီးရော...”

တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နှူးကြပုံက ပျော်စရာကောင်းသည်။ ရင်ခုန်စရာလည်းကောင်းနေပေသည်။ သူမသည် ချစ်ခြင်းများစွာ ခိုင်မြဲစေရန် သဘောနှင့် လက်စွပ်ကို ကျွန်ုပ်၏ လက်တစ်ကြွယ်သို့ စွပ်ပေးခဲ့လေသည်။ ကျွန်ုပ်မှာ သူမ၏ အချစ်ကို အသိအမှတ်ပြုသော အနေဖြင့် နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းများထဲကလို ဒူးထောက်၍ သူမ နှင့် ကျွန်ုပ့် ချစ်ခြင်းများ ရာသက်ပန်ခိုင်မြဲစေရန်အတွက် စိတ်ထဲရေရွတ်ဆုတောင်းကာ သူမအား ပြန်၍ လက်စွပ် စွပ်ပေးလိုက်လေသည်။ သူမနှင့်ကျွန်ုပ် ခိုင်မြဲစေရန် ကြိုးနှစ်ချောင်းငင်ခဲ့လေသည်။ ထိုအချိန်က လက်စွပ်ဝတ်ပေးခြင်း ကြိုးမျှင်သည် ပထမဦးဆုံး ကျွန်ုပ်ဘ၀ရဲ့ မေ့ပျောက်၍မရသော ကြိုးတစ်ချောင်းဖြစ်ခဲ့လေသည်
{ဇောင်း}