ဖြူစင်စိတ်ထားလေးနဲ့
ရနံ့လေးရယ် သင်းပျံ့စွာပေါ့
ဆူးမဲ့သောပန်း မာနမရှိသောပန်း
သင့်ကိုပဲ ဘွဲ့ထူးတွေအထပ်ထပ်
ချီးမွမ်းကာ ပေးချင်ပါရဲ့
အို... စံပယ်ဖြူ....
ဖြူစင်လွန်းလို့ နှစ်သက်မှုတွေ
အထပ်ထပ်ကာ ပိုခဲ့ပေမဲ့
ဆူးရှိသလိုပဲ
မင်းရဲ့ရင်ခွင်ရယ်
ငါ့အတွက် ဥပါဒ်ဖြစ်စေခဲ့တယ်
အမှောင်မှာ ဖြူစင်သောရင်ခွင်
အရောင်တွေမှေးမိန်ကာ
ပုံရိပ်တွေပြောင်းလဲခဲ့ရင်းပေါ့........
ရင်ခွင်တွေ အထပ်ထပ်ပြိုခဲ့သော
စံပယ်ဖြူ...
ဝမ်းနည်းစွာပေါ့
မင်းအတွက် ငါ့ရဲ့ရင်ခွင်ရယ်
အသုံးမတည့်တော့တယ်......
ရင်ခွင်ပြိုသော စံပယ်ဖြူ
မိုးရေတွေထဲ
ရာသီမဟုတ်ပေမဲ့
အချိန်လွန်ကာရွာလေသလား
ပူလောင်ရင်ကို အေးမြအောင် ရွာလေသလား
တွေးမရပေမဲ့
မိုးရေစက်တွေ ငါ့ရဲ့ရင်ထဲ
ရွာချခဲ့တာ ကျေနပ်မိတယ်
အတူမလျှောက်ခဲ့ဖူးတဲ့
မိုးရေတွေထဲ
စိတ်က အလိုလို မင်းကိုတောင်းတမိတယ်
မိုးရေတွေကို
မင်းကြောက်နေလား
အနားနားတိုးခဲ့ပေါ့
ခပ်ပါးပါးလေးရယ်
အကြောက်ပြေ အချမ်းပျောက်ဖို့
အသာအရာ ပွေ့ဖက်ကာ
မင်းရဲ့ရင်ကို နွေးထွေးစေဖို့ရယ်
မိုးရေတွေထဲ
ဒို့အတူလျှောက်ကြမယ်
{ဇောင်း}
နမ်းထိုက်
ပန်းပျိုးလက်တို့
စုံနေသော်လည်း
နမ်းထိုက်သူမှ
နမ်းထိုက်ရသည်
အသွင်မတူလို့
ရန်သူမှတ်မည်လား
ပန်းဆိုတာ
နှူးညံ့ခြင်းရဲ့ သင်္ကေတပါ
ဖူးပွင့်စမို့
ပျားတကာတို့
ရစ်ဖွဲ့ကာဝိုင်းအုံ့
ရော်ဝါရွက်ကြွေ
ချိန်တန်လေတော့
စွန့်ပစ်ကာသွားကြ
ဆိုရိုးပမာ
ရှိခဲ့သည်မို့
လွမ်းရိပ်မသန်း
ပျော်ရွှင်ကာပေါ့
လမ်းခွဲရင်းဖြင့်............
အချစ်ခရီးသည်
အို....
အချစ်ခရီးသည်
လမ်းကြုံရင် ၀င်ရောက်နားခိုလိုက်ပါ
ရင်ခွင်တံခါး ဖွင့်ထားလျှက်ပေါ့
ငြီးငွေ့သွားလို့
ပြန်ထွက်သွားမယ်ဆိုရင်
ရင်ခွင်တံခါးကို အနာတရမဖြစ်စေပဲ
အသာအရာပိတ်လို့ရယ်
ခပ်ခွာခွာလေး
ထွက်သွားနိုင်တယ်
တစ်ခုလောက်တော့ သိစေချင်ရဲ့
ထားခဲ့သူ့ ရင်ခွင်မှာ ဒဏ်ရာတွေကျန်ခဲ့မယ်ဆိုတာ.....
ပျော်နေလောက်တယ်
လိမ်ညာခြင်းနဲ့ အပြစ်တွေကို
အသာအရာဖုံးဖိလို့ရယ်
ဒီအချိန်ဆို
ရင်ခွင်သစ်မှာ
သူ ပျော်နေလောက်တယ်
ပြုံးရယ် သာယာသံတွေက တစ်ဖက်မှာ
ငိုကြွေးခြင်းက ဒီဖက်မှာ
ခိုင်မြဲပါတယ်ဆိုတဲ့
သစ္စာတရားတွေ အပြတ်ပြတ်နဲ့
ဆွေးမြေ့ခဲ့တယ်..
ရင်ခွင်သစ်ကို မက်မောလို့
စွန့်ပစ်ကာသွားတဲ့သူ
နောင်တရမိပါရဲ့
စတေးခံလိုက်ရတဲ့ နှလုံးသားတစ်စုံရယ်....
မုဆိုးတစ်ပိုင်း မိန်းမရိုင်းလို
မယုံနိုင်ပါဘူး
မင်းထားခဲ့တဲ့နေ့တွေကို
မသေချာမရေရာသော နေ့ရက်မျိုးတွေထက်
အခုတော့ အဲ့ဒီနေ့ရက်တွေဟာ
ဖရိုဖရဲနဲ့ ဗျောင်းဆန်နေလေပြီ
ဟိုအရင်တစ်ချိန်
နှူးညံ့သိမ်မွေ့သော မင်းရဲ့ရင်ထဲက
နှင်ဆီးပန်းတစ်ပွင့်ဟာ
အခုတော့ ဆူးများစွာနဲ့
ငါ့ရင်ကို ခက်ထန်စွာ စူးနေလေပြီ
တစ်ချိန်က နှူးညံ့သယောင်နဲ့
အခုတော့ ခက်ထန်လွန်းလှသူ
မုဆိုးတစ်ပိုင်း မိန်းမရိုင်းလို့
နှိုင်းယှဉ်ရမှာ မရွံ့သာ.....
ခပ်ခွာခွာနဲ့ အရှုံးပေးလိုက်ရင်းပေါ့
တစ်ကယ်တော့ ငါဟာ အောင်နိုင်ခဲ့သောသူ....
ကိုဏီလင်းညို မေးတယ် ဘာတွေကြိုက်လဲတဲ့ ( Tag )

ကွန်ပျူတာ
ကွန်ပျူတာ ကိုကြိုက်တယ်၊ ကွန်ပျူတာသမားဖြစ်ပြီး ကွန်ပျူတာကို မကြိုက်ရင် လောင်ပြောင်ဖွယ်ဖြစ်နေလိမ့်မယ်၊ တစ်ကယ်ပြောရရင်လည်း ကွန်ပျူတာကို ကြိုက်တယ်၊ ကွန်ပျူတာက ကျွန်တော့ရဲ့ အနွံအနာကိုခံနိုင်တယ်လေ၊ ပိုကြိုက်တာက သူ့ကို တော်တော်ခိုင်းလို့ရလို့...

ပိုက်ဆံ
ပိုက်ဆံကို မလိုအပ်သော ဟိုးလွန်ခဲ့သော နှစ်များစွာက ကျောက်ခေတ်လူသားတွေဆိုရင် ပိုက်ဆံကို မလိုကြဘူး၊ နောက်ပြီး ရှေးမလွန်မနှောင်ခင် ခေတ်တွေစီကလည်း ပိုက်ဆံကို မသုံးကြဘူး၊ အဲ့ဒီတုန်းက ပိုက်ဆံဆိုတာ မပေါ်သေး မထုတ်လုပ်သေးတော့၊ ပစ္စည်းအလှဲအလှယ် နဲ့ပဲ လုပ်ကြတယ်၊ ဆီပေး ဆားရ။ အသားပေး ဆန်ရ ဆိုသလိုပေါ့...။ အရင်ခေတ်နဲ့ မတူတဲ့ အခုခေတ်တော့ ပိုက်ဆံဆိုတာကြီးရှိနေမှ ဖြစ်မယ်လို့မြင်ပါတယ်၊ ပိုက်ဆံက ဒုတိယဘုရားသခင်တဲ့ ဒါကြောင့် ပိုက်ဆံကို ကြိုက်ပါတယ်။

ဂစ်တာ
စိတ်လေစိတ်ညစ်တဲ့အခါ သံစဉ်တွေကို မညီမညာစွာနဲ့ လျှောက်တတ်တီးဖြစ်တယ်၊ ဖြစ်ဖြစ်မြောက်မြောက်တော့ မတီးတတ်။

စာအုပ်စင်
ဘယ်မြို့ကို ရောက်ရောက် ဘယ်ဈေးကိုရောက်ရောက် အရင်ဆုံးကြည့်မိတာကတော့ စာအုပ်ဆိုင်ပါပဲ၊ စာအုပ်ဆိုရင် စုဆောင်းတာ ၀ါသနာအလွန်ပါ၏

ဖုန်း
လက်တလောကိုင်တဲ့ ဖုန်းက Nokia လေးပါ၊ အဲ့ဒီဖုန်းနဲ့ အင်တာနက်ချိတ်ဆက်ပြီး အခုလို့ တဂ့်ပိုစ့်ကို ရေးလိုရ၊ လေ့လာစရာတွေကို လေ့လာရတာကြောင့် သဘောကျနှစ်သက်မိတယ်၊

ကိုယ်ပိုင်အနေနဲ့ ပိုင်ဆိုင်ထားသမျှကို နှစ်သက်မက်မော သဘောကျပါတယ်။ စိတ်ထဲမှာ လိုချင်တာကတော့ ကင်မရာတစ်လုံးလောက်ပေါ့၊ ဓါတ်ပုံရိုက်တာကိုလည်း အလွန်ကြိုက်တယ်၊ အရိုက်ခံတာနဲ့ သူများကိုရိုက်ပေးတာဆိုရင်ပေါ့၊ ရိုက်ပေးတာကို ကြိုက်တယ်.....။
ပျော်ရွှင်ပါစေ...
{ဇောင်း}
အသုံးတော်ခံ
ခဏတဖြုတ် စိတ်ကူးယဉ်မှုတွေ
အထမြောက်ဖို့ရယ်...
ငါ့ရဲ့နှလုံးသားတစ်စုံကို
အသုံးတော်ခံလိုက်ရတယ်...
နှစ်ယောက်ကြားမှာ အစကတည်းက
အက်ကြောင်းတွေနဲ့ပါလို့
စကားလှလှ တေးသွားချိုချို
မုသားတွေနဲ့ ကြိုးရှည်ရှည်မျှောထားတတ်သူ
အက်ကြောင်းတွေမှန်းသိနေလျက်နဲ့
အခွင့်အရေးတွေကို ပေးလို့ရယ်
သခင်မအပါး ခစားလျက်ပေါ့
အသုံးတော်ခံ အဖြစ်မျိုးနဲ့...
မလိုအပ်ရင် စွန့်ပယ်လိုက်ပေါ့
ငါဟာ မင်းရဲ့ အချစ်ကျွန်
စကားတစ်လုံးမြားတစ်စင်းပမာ
ထားရာနေ စေရာသွား
ကျောက်ဖြစ်ရုပ်ကြွင်းသာ ဖြစ်လိုက်ချင်တယ်
ခက်ထန်သော ဆက်ဆံရေးတွေက
ရင်ခွင်နောက်တစ်ခု အမှီပြုစရာ
ပေါ်လာတော့လည်း မင်းရဲ့ပမာ
“သူခိုးဓါးရိုးကမ်းတဲ့ မိန်းမလိုပေါ့”
ခပ်ဆင်ဆင်ရယ်...
တောင်စွယ်နေကွယ်ချိန်မှာ
ရွှေဓါးဆွဲလို့ သတ်ချင်သတ်စေတော့..
သခင်မလို စိတ်ထား အကျွန့်စိတ်ထဲ
ရွံရှာမုန်းတီးမိလေတယ်
လျှာနှစ်ခွလို အမျိုးအစားလို့လည်း
မသမုတ်ဝံ့ပါဘူး အမျက်တော်ရယ်
စူးရှမှာဆိုး.....
စိတ်ထဲဝယ် တေးမှတ်
နာကြင်စရာရယ် များလွန်လာတော့
ကိုယ်ကိုကိုယ်တောင် မုန်းတီးလာတယ်....
ဝဋ်တော်ရယ်
ကုန်ပါစေတော့ အသုံးတော်ခံ
အချစ်ကျွန် ဘ၀ဆက်တိုင်း
ဤသို့ဤနှယ် မတွေ့လိုတယ်.....
{ဇောင်း}
စိတ်နယ်လွန်
အိပ်ရေးတွေငတ်ပြတ်တဲ့ည
ဘယ်သူလာကာ ကူနိုင်ပါ့မလဲ
အတွေးနယ်ချဲ့ စိတ်နယ်လွန်ထဲ
မနက်ဖြန်ကို မြန်မြန်ရောက်ချင်မိတယ်
ငါဆိုတဲ့ အတ္တ၀တ်စုံတွေကို
တစ်ထည်ပြီးတစ်ထည် ချုပ်လုပ်နေမိရင်း
အတိတ်တွေက အမှတ်တရဖြစ်စေခဲ့တယ်...
ဒါဆို
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်တစ်ခုလား
သို့မဟုတ်
စိတ်ကူးတွေကို မဟားတရားယဉ်ဖို့
အခွင့်အရေးတစ်ခုလား
ကွေကွင်းရှောင်ဖယ်ပါရစေတော့
လေထဲက စိတ်ကူးတွေကိုလည်း ရွံရှာမိနေပြီ
အတွေးသက်သက် အသုံးတော်ခံအဖြစ်မျိုးရယ်...
စိတ်နယ်လွန် အတွေးနယ်ချဲ့မှုတစ်ခုအတွက်
စတေးခံလိုက်ရသော နှလုံးသားတစ်စုံ
ကျောက်ဖြစ်ရုပ်ကြွင်းတာ ဖြစ်မယ်ဆိုရင်
ဘယ်လောက်တောင် ဗျောင်းဆန်လေနေမလည်း....
ဒဏ်ရာ
ဘယ်လမ်းကိုမှ မင်းနဲ့အတူမလျှောက်ချင်ခဲ့ဘူး
ရင်နာစရာတွေ ဗလပွနဲ့
ဒဏ်ရာတွေသာ အဖတ်တင်ခဲ့လို့
ဝေဒနာအပူမီးတွေက မီးခိုးကြွက်လျှောက်
ရင်ကိုလာဟပ်စေတယ်၊
ကောင်းကင်က နတ်ဘုရား
သီတာရေကြည်တစ်ပေါက်နဲ့
သောကကို “ဥုံဖွ”ဆိုပြီး မန်းမှုတ်ရင်လည်း
ပျောက်ပါ့မလား တွေးမရ
နတ္တိဆိုသော ဝေါဟာရရဲ့ နောက်ဆက်တွဲမှာ
အထီးကျန်ပုံရိပ်က ထပ်မကြပ်မကွာပေါ့
ဒဏ်ရာဆိုတာ
ကိုယ်ကိုကိုယ်တိုင်က အစပြုခဲ့တာကြောင့်
အပြစ်မတင်ရက်တော့ပါဘူး.......
တစ်ကယ်ဆို
ကြယ်တွေကြွေတောင်
ငါ မလွမ်းတတ်ခဲ့သူ.....
{ဇောင်း}
အဖြေရှာသောည
ရေလိုက် ငါးလိုက် အလား
ရေကလိုက်တာလား
ငါးကလိုက်တာလား
ရေနဲ့ ငါးက ဘာကိုလိုက်တာလဲ
အတွေးတွေပလုံစီလို့
ငါ့ရဲ့ညမှာ သတ်ပုံလည်းမမှားချင်ဘူး
အမဲလိုက်ရင်း သားကောင်ဖြစ်သွားတဲ့
မုဆိုးလို တောမှောက်တာကိုလည်း
ကြုံခဲ့ဖူးရဲ့....
ရေလိုက်ငါးလိုက်ရင်း ရေစုန်မျှောသွားတဲ့
ငါ့ဘ၀...........
{zAi}
နှူးညံ့ခြင်းတွေနဲ့သာ
စုံနေသော်လည်း
နမ်းထိုက်သူမှ
နမ်းထိုက်ရသည်
အသွင်မတူလို့
ရန်သူမှတ်မည်လား
ပန်းဆိုတာ
နှူးညံ့ခြင်းရဲ့ သင်္ကေတ တစ်ခုမို့
ပန်းပေးလို့
အလှမ်းဝေးကြမယ်ဆိုရင်
နှူးညံ့ခြင်းတွေနဲ့သာ
ဝေးပါရစေတော့.....
မုန့်သည်မသား မုန့်နားစား
မောင်မြင့်ဇော်မှာ ရုံးဝန်ထမ်းအဖြစ် လူပျိုကတည်းက လုပ်လာသည်မှာ အခုဆိုရင် ကလေးကနှစ်ယောက်ရနေပြီ။ ဘာမှတိုးတက်လာခြင်းမရှိသေး။ ရာထူးတွေတာ အလီလီတိုးခဲ့သည် နောက်ဆုံး မောင်မြင့်ဇော်မှာ ဘောစီ၏ ကိုယ်ရံတော်ဖြစ်လာခဲ့သည်။ ခေတ်ကာလစကားလို ပြောရရင်ဖြင့် စကထရီ ဆိုလားပဲ။ တစ်နေ့သား ကျွန်ုပ်၏ အိမ်သို့ စိတ်ပြေလက်ပျောက်ဆိုပြီး ပေါက်၍လာတော့သည်။
မောင်မြင့်ဇော် ။ ။ အဘ နေကောင်းလားဗျ
ကျွန်ုပ် ။ ။ ကောင်းပါ့ဗျာ ကောင်းပါ့၊ ဒါနဲ့ ဘယ်လိုအကြောင်းကြောင့် ဒီဘက်လှည့်လာတာလည်း မောင်မြင့်ဇော်ရဲ့...
မောင်မြင့်ဇော် ။ ။ စိတ်ညစ်လို့ပါ အဘရယ်၊
ကျွန်ုပ် ။ ။ ဘာတွေညစ်စရာရှိလို့လည်း မောင်မင်းရဲ့၊ မောင်မင်းက အလုပ်မှာလည်း လူကြီးဘေးမှာ နေရာတဲ့လူ၊ အဆင်ပြေနေတဲ့ဟာကို စိတ်ညစ်စရာရှိသေးရဲ့လားကွ၊
မောင်မြင့်ဇော် ။ ။ ဟင်း....... အဘရေ လူကြီးဘေးမှာ နေရတယ်ဆိုပြီးတော့ အထင်မကြီးနဲ့ဗျ၊ ရတာက နည်းနည်း လုပ်ရတာက များများဖြစ်နေတယ်ဗျာ
ကျွန်ုပ် ။ ။ အင်း... မောင်မင်းကတော့ ဟိုစကားလိုဖြစ်နေပြီကွ
မောင်မြင့်ဇော် ။ ။ ဘယ်လိုစကားလည်းအဘရဲ့ ပြောပြပါအုံး၊
ကျွန်ုပ် ။ ။ ဘယ်စကားလည်းဆိုတော့ကွာ... မောင်မင်းက “မုန့်သည်မသား မုန့်နားစား” ဆိုသလိုဖြစ်နေပြီ
မောင်မြင့်ဇော် ။ ။ ဟင် စကားက အဆန်းပါလားအဘရ၊ ကျွန်တော်နားမလည်တော့ဘူး တစ်ချက်လောက်ရှင်းပြပါအုံး...
ကျွန်ုပ် ။ ။ အင်း... တို့မြန်မာတွေက စကားပြောရင် ဒဲ့မပြောတတ်ကြဘူး၊ လူတစ်ယောက်ကို စဉ်းစားစရာလေးဖြစ်အောင်ကို လုပ်ပြီးပြောတတ်ကြတယ်ကွ၊ မောင်မင်းရှင်းအောင် ပြောရရင်၊ ဒီလို “မုန့်သည်မသား မုန့်နားစား”ဆိုတာက မုန့်ရောင်းတဲ့ မိန်းမကြီးတစ်ယောက်က မုန့်လုပ်ရောင်းနေတယ်၊ ဘယ်လိုမုန့်မျိုးလည်းဆိုတော့ မုန့်ပြားသလက်တို့၊ အကြော်စုံတို့၊ ဘိမ်းမုန့်တို့ လိုပေါ့၊ အဲ့လို မုန့်တွေကို ရောင်းတယ်၊ နဘေးက သားဖြစ်သူက ကလေးတို့သဘာဝအရ မုန့်ကို တစ်ခုလုံးယူမစားပဲ၊ မုန့်ရဲ့အဖျားပိုင်း ကြွပ်နေတဲ့နေရာလေးတွေက အကြွေအပဲ့ကို ဖဲ့ဖဲ့ပြီးစားတယ်၊ အဲ့လိုစားတာကိုလည်း အမေက ဘာမှမပြောဘူး၊ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီအကြွေအပဲ့လေးတွေကို ပြန်ရောင်းလို့မှမရပဲလေ။ အဲ့လိုပဲ မောင်မင်းတို့ ၀န်ထမ်းတွေက လူကြီးနားဘယ်လိုပဲနေရနေရ ဘယ်လောက်ပဲ လုပ်ရလုပ်ရ ရလာတဲ့ ရလဒ်က နည်းနည်းလေးပဲ ရတယ်၊ ဒါကြောင့် မောင်မင်းကို “မုန့်သည်မသား မုန့်နားစား” လို့ ပြောတာကွဲ့....
မောင်မြင့်ဇော် ။ ။ဪ.. ဒီလိုလား၊ သဘောပေါက်ပါပြီအဘရယ်.....
ဘန်းစကား အနက်အဓိပ္ပာယ် ( pdf )
ဒုတိယမြောက် အီးဘွတ်တွင် ဘန်းစကား ကဏ္ဍမှ စာစုများကို ပြုလုပ်ထားခြင်းဖြစ်သည်။ ထို ဘန်းစကား၏ မူရင်းကျမ်းပြုစုသူမှာ မြန်မာစာ ကျမ်းပြုဆရာကြီး လှသမိန် ၏ မြန်မာ ဘန်းစကား အဓိပ္ပာယ်နှင့်သုံးနည်း မှ ပြန်လည်၍ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
အောက်တွင် ဒေါင်းလုတ် လုပ်ယူနိုင်ပါသည်။
နွေလယ်တစ်ခုရဲ့ ရင်ကွဲနာ
အစောဦးစွာ မည်သူပွင့်လည်း
တွေးမရ သစ္စာအလှမှာ
စကားချပ်က ပမာဆိုတယ်
နွေဦး ဥသြ
လွမ်းရင့်ကျူးလို့
ပုဇဉ်းရင်ကွဲ
နာကျင်မှုကို
အော်ဟစ်လို့ရယ်
အသက်ပျောက်ကာ
ဝဇီချုပ်တယ်
အလွမ်းရင့်ရင့်
နွေလယ်ဦးရယ်
ကုန်လွန်စေတော့....
{ဇောင်း}
နွေလယ်တစ်ခုရဲ့ အလွမ်းရင့်.....
နွေလယ်ခေါင်ရဲ့ ကျေနပ်မှုကို ပေးနိုင်သော မိုးကို နွေလယ်မိုးကျ သင်္ကြန်အလှလို့ ခေါ်ဝေါ်သမုတ်ကျဖူးရဲ့။ ကောင်းကင်က နေမင်းရဲ့ မိန့်ဆိုချက်နှင့် မြေပြင်က ဒဏ်ပြန်မှုတွေကြောင့် ရင်ခွင်တစ်ကာမှာ မမြင်နိုင်သော အပူမီးကို ပိုင်ဆိုင်ထားကြချိန် အလိုအပ်ဆုံးက စာနာ နားလည်မှုဆိုရင် မိုးနတ်မင်းက ပေးနိုင်ပါ့မလား။
နွေလယ်အလွမ်းဆိုသည်မှာ ပူလောင်မှုကြားက တမ်းတရသည် မဟုတ်ပါလား၊ ဥသြငှက်တို့ ရင်ကွဲနာ အသံနှင့် ပုစဉ်းရင်ကွဲတို့၏ အသည်းကွဲ အော်သံကို စာနာနားလည်နိုင်ပါ့မလားတွေးရင်းဖြင့်.....
ကိုဇော် ပြောခိုင်းသော အတွေးစများ ( Tag )
အတွေးသည် နက်နဲသော မဟူရာချောက်ကြီးပမာနှင့် တူနေပြီး ထိုအတွေးသည် အဖိုးတန်လေသည်။ စိတ်ကူးသည် အပျော့စားဖြစ်သည်ဟု ကျွန်ုပ်တွေးတောမိတယ်၊ စိတ်ကူးသည် မဖြစ်တာကို ဖြစ်အောင် လုပ်ယူမျှော်ငေးသော အရာဖြစ်သည်။ စိတ်ကူးနှင့်အတွေးသည် ထိုနေရာ၌ လုံးဝခြားနားသည်ဟု မှတ်ယူမိသည်။ စိတ်ကူးယဉ်သော အရာသည် ပျော့ပြောင်း၍ စိတ်ကိုဖြေသာစေသည်။ အတွေးသည် မာထန်နေပေသော်လည်း စိတ်ကို လုံးဝ ထွက်ပေါက်ပေးသည်ဟု ထင်မှတ်သည်။
=------------------------------------------------------------------------=
အတွေး၊ စိတ်ကူး၊ စဉ်းစား ထိုရာများသည် စိတ်ကို အလုပ်ပေးသော အရာများဖြစ်သည်။ ထိုသို့အလုပ်ပေးမှာလည်း စိတ်သည် စိတ်နှင့်တူမည်ဟု မှတ်ယူမိသည်။ စိတ်ကို ပမာနှိုင်းရသော် သပွတ်အူနှင့်တူသည်။ သို့သော် အတွေးကိုတော့ သပွတ်အူမဖြစ်စေရန် ထိန်းမှရေပေမည်။
ကိုဇော် ပြောသလို လူတိုင်း၌ အတွေးကိုယ်စီရှိကြသည်မှာမှန်၏။ အရူးတောင်မှ အတွေးရှိနေလျှင် သာမာန်လူများသည်လည်း ပိုလို့တောင် အတွေးများရှိနေသင့်ပေသည်။
အတွေးစများကို တွေးရင်းရင်းဖြင့် စိတ်ကူးယဉ်မိသော စိတ်များသည် တစ်ကယ်တမ်းတော့ စိတ်ရဲ့ခဏသာ ထွက်ပေါက်ဟု ထင်မှတ်မိလေတော့သည်။
=------------------------------------------------------------------------=
ကိုဇော် တက်ဂ် ထားတဲ့ အတွေးစများပိုစ့်ကို အတွေးရသလို ရေးထားပါ၏ :)
ပျော်ရွှင်ပါစေကိုဇော်
ဘလော့ဂါကိုမိုး ဖွင့်လှစ်သော ကျွန်တော့်ရဲ့ အသိတရား (Tag)
တစ်ယောက်တည်း ထိုင်နေတဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ဘီလော့ကာဦးမိုးကို တွေ့ခိုက်.....
မိုး။ ။ ဝေ့.. ကိုဇောင်း ခင်ဗျား တစ်ယောက်တည်းလား လာဗျာ ကျူပ်လည်း တစ်ယောက်တည်းပျင်းနေတာဗျ
ဇောင်း။ ။ ဟုတ် ကိုမိုး ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ၊ စိတ်တွေလေနေလို့ အပြင်ထွက်လာတာ
မိုး။ ။ ဒီမယ်ကိုယ့်လူ စိတ်တွေလေတာကို ရပ်လိုက် လောလောဆယ် ဘာသောက်မလဲ မှာလိုက်ဗျာ ကျူပ်တိုက်မယ်၊
ဇောင်း။ ။ ဟင်... ကိုမိုးက ဘာတိုက်မှာလည်း
မိုး။ ။ ရော်ခက်ပီ ခင်ဗျားကလည်း အအေးဖြစ်ဖြစ် လဖက်ရည်ဖြစ်ဖြစ် ပြောတာပါ၊ ဟဲဟဲ တစ်ခြားတော့ လျှောက်မတွေးနဲ့ဗျ
ဇောင်း။ ။ သိဘူးရော် ကိုမိုးကလည်း။ ကိုမိုးက ဟိုတစ်လော ကမှ တစ္ဆေမလေးနဲ့ ဘာညာဘာညာဆိုတော့ ဟီးးဟီးး နည်းနည်းတော့ အတွေးလွဲသွားတာပေါ့ဗျ
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်သား တောင်စဉ်ရေမကျ စကားများကို ပွတ်လောရိုက်ရင်း ကျွန်တော်က အပြင်းဆုံး ကော်ဖီတစ်ခွက်ကို မှာပြီး ခပ်ဆွေးဆွေးလေး တစ်ငုံပြီး တစ်ငုံသောက်နေခိုက်
မိုး။ ။ ကိုဇောင်း ခင်ဗျားက စိတ်လေနေတယ်ဆိုတာ ဘာကြောင့်လည်းဗျ ပြောပြပါအုံး
ဇောင်း။ ။ ဟင်း.. ဘယ်လိုပြောရမလဲ ကိုမိုးရာ စိတ်တွေက မတည်ငြိမ်သလို ဖြစ်နေတယ်ဗျာ၊ ကျွန်တော်တစ်ခု စဉ်းစားမိတယ် အတ္တ ဆိုတဲ့ စကားလုံးကို
မိုး။ ။ အင်း.. ကိုဇောင်းရ ဒီလိုရှိတယ် အတ္တ နဲ့ ပရ ကို ညီမျှအောင် စဉ်းစားဖို့ဆိုတာက မလွယ်ခြင်းပဲဗျ၊
ဇောင်း။ ။ ဘာကြောင့် မလွယ်တာလည်း ကိုမိုး
မိုး။ ။ ဒီလိုဗျ အချိန်ဆိုတာ တစ်ဖြေးဖြေးနဲ့ ပြောင်းနေတာမဟုတ်လား၊ အဲ့လိုပဲ လောကကြီးကလည်း အမြဲတမ်းပြောင်းလဲနေတယ်၊ အဲ့လိုပြောင်းလဲနေတဲ့အရာကို ကျွန်တော်တို့ တစ်နည်းပြောရရင် ရေစီးကြောင်းလို ပြောရမလားပဲ။ အမြဲမပျက်စီးဆင်းနေတဲ့ ရေစီးကြောင်းကို ခင်ဗျား ပုံသေ သတ်မှတ်လို့မရသလိုပဲ၊ လူတစ်ယောက်ရဲ့ စိတ် ကို ပုံသေသတ်မှတ်လို့မရဘူးလေ...
ဇောင်း။ ။ အင်... ဟုတ်ပါတယ်ဗျာ ကျွန်တော်လည်း အဲ့လိုတွေ စဉ်းစားမိတယ်ဗျ၊ ပုံသေမရှိတဲ့ လောကကြီးထဲ ဘာကြောင့် ကျွန်တော် စိတ်လေရသလဲဆိုတာကိုပေါ့...
မိုး။ ။ အင်း.. ကျွန်တော်လည်း ငယ်ရာက ကြီးလာတာဆိုတော့ သဘောပေါက်ပါတယ်ဗျာ၊ စိတ်တော့မလေနဲ့ဗျ၊ စိတ်လေရင် လူပါလေရော၊
ဇောင်း။ ။ ဗျာ...! စိတ်လေရင် လူပါလေတယ် ဟုတ်လား...
မိုး။ ။ ဟုတ်ပ ကိုဇောင်း စိတ်လေရင် လူပါလေတတ်တယ်ဗျာ၊ လူတစ်ယောက်ကို ထိန်းချုပ်ထားတာ စိတ်မဟုတ်လား...
ဇောင်း။ ။ ဟုတ်
မိုး။ ။ စိတ်က သပွတ်အူလို ရှုပ်နေရင် လူကလည်း ညှင်းသိုးသိုးနဲ့ မလန်းတော့ဘူး အမြဲတမ်း ဂွမ်းနေလိမ့်မယ်၊ အဲ့ဒီတော့ ကိုဇောင်းရေ စိတ်တော့ မလေစေနဲ့ဗျာ၊
ဇောင်း။ ။ မှန်လိုက်တာ ကိုမိုး အခုမှပဲ ကျွန်တော် စိတ်ကို လွတ်လပ်စွာ တံခါးဖွင့်ထားရဲတော့တယ်၊ စိတ်လေရင် လူပါလေတယ်ဆိုတာက တော်တော်ကြောက်စရာပါလား၊
မိုး။ ။ ဟုတ်ပ့ါဗျာ...။ ကိုယ်စိတ်ကိုယ် ထိန်းနိုင်ခြင်းကလည်း တိုက်ပွဲမှာ ထိန်းကွပ်တဲ့ စစ်သူကြီးလိုပဲဗျ။
ဇောင်း။ ။ ဟုတ် ကိုမိုး ကျွန်တော် မှတ်သားထားလိုက်မယ်ဗျာ၊
ကိုမိုး တက်(ဂ်)ထားတဲ့ အသိတရား ဆိုတဲ့ ပိုစ့် လေးကို ရေးလိုက်ခြင်းပါ။ ကိုမိုးရေ အသွင်ဆန်းအောင် အဲ့လိုလေး ရေးလိုက်တယ်ဗျာ။ ပျော်ရွှင်ပါစေ.....
ထွက်သက်
ဇနီးမယား လင်ယောက်ျား သားသမီးများက နောက်ဆံမတင်းပါနဲ့ ကောင်းမှုပြုခဲ့တာတွေကို စိတ်ထဲမှတ်ပြီး အခုဖွင့်ထားတဲ့ ကြာနီကန်ဆရာတော်ရဲ့ ပဌာန်းတရားတော်ကို နားယူပါလို့ မျက်ရည်စက်လက်နဲ့ ပြောကြ ဆိုကြ ငိုကြွေးကြနဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးဘ၀ကို လှပအောင် ကူညီမွမ်းမံနေကြသည်။
ဝဇီချုပ်ချိန်တွင် အူဝဲမှစ၍ လူမှန်းသိတတ်စမှ ယခု အချိန်ထိ ကောင်းမှု မကောင်းမှုများကို ရုပ်ရှင်တစ်ကားလို စိတ်ထဲ၌ စိတ်ရဲ့ဆောက်တည်ရာမရခြင်းများက ဖော်ပြနေသည်။ သက်ရှိဆွေမျိုးများနှင့် သေကွဲခွဲရဖို့ နောက်ဆုံးချိန်ရောက်နေသည်ကို ကာယကံရှင်မှအပ ဆွေမျိုးများသာ သိနေကြလေသည်။
ဝဇီချုပ်ဖို့ မိနစ်အလိုတွင် နား၏အကြားအာရုံများသည် ၀ိုးတ၀ါးနှင့် အမြင်များသည်လည်း ၀ိုးတ၀ါးတာဖြစ်နေသည်။ ဆွေမျိုးများ၏ အားပေးနှစ်သိမ့်မှုများနှင့် ငိုကြွေးမှုများကို ကြားနေရသော သေခါနီးလူတစ်ယောက်၏ ဝေဒနာသည်
စိတ်သောကများရောက်စေတော့သည်။ နားထဲ၌ကြားနေသော အသံများကို ပြန်လည်ပြောဖို့ ခွန်အားများသည်လည်း နတ္တိ၊ အားယူ၍ ပြန်ပြောလိုက်သည့် အသံမှာလည်း ကလေးသူငယ် သို့မဟုတ် စကားမပြောတတ်သော လူများလို ၀ိုးတိုးဝါးတား တာဖြစ်နေတော့သည်။ ခန္ဓာကိုယ်၏ အောက်ပိုင်း ခြေထောက်များသည်လည်း အေးခဲတောင့်တင်းနေ၏။ ဟိုအရင်တစ်ချိန်များက တက်ကြွလန်းဆန်းခဲ့သော ထိုသူသည် ယခုအချိန်တွင် အရုပ်ကြိုးပြတ်သလိုဖြစ်နေတော့သည်။
ကြောက်ဖို့အလွန်ကောင်းသော နောက်ဆုံးထွက်သက်သာဖြစ်သည်။ လူတိုင်းသည် မနေမလှပေမဲ့ နောက်ဆုံးထွက်သက်အား ညင်သာစွာနဲ့ ကုန်ဆုံးသွားစေချင်ကြတယ်၊ သေခြင်းတရား၏ နောက်ဆုံးအချိန်လေးသည် စိတ်ကိုသတိမထားနိုင်သော အချိန်ဟု ကျွန်ုပ်မြင်မိသည်။ လူတွေသည် မသေခင် လောဘ နှင့် အတ္တ တော်တော်ကြီးကြသည်။ ကျွန်ုပ်တို့တစ်တွေ အရုပ်ကြိုးပြတ်မဖြစ်ကြခင် အချင်းချင်းမျှတစွာနေထိုင်သွားကြရင်ဖြင့်......
မှတ်ချက်
ကျွန်တော် တရားသဘောအရ ရေးခြင်းလည်းမဟုတ်ပါ၊ အထက်ပါဖြစ်ရပ်များသည် မျက်မြင်ဖြစ်သောကြောင့် လူတစ်ယောက်၏ နောက်ဆုံးအချိန်အား သို့မဟုတ် နောက်ဆုံး အသက်ထွက်ခါနီး အချိန်လေးကို အတိုချုံ့၍ ရေးလိုက်ခြင်းဖြစ်ပါသည်။
ကြယ်ငိုသံ
ညဥ့်နက်သန်းခေါင်
ကြယ်တွေငိုသံ
ငါ့ရဲ့နားထဲ ကြားယောင်နေမိတယ်
လမင်းကတော့
ခပ်မိန့်မိန့်နဲ့ ကိုယ်ချင်းစာနိုင်ပါ့မလား
ကြယ်တွေငိုတာ သူ အားရနေလောက်တယ်
တိတ်ဆိတ်ခြင်း အမှောင်ထုကြားထဲမှာ
အပ်ပျောက်တာကိုရှာလွယ်နိုင်ပေမဲ့
ဖြူစင်သော နှလုံးသားတစ်စုံကို
ရှာဖွေဖို့ ခက်ခဲ ခဲ့တယ်
ကြယ်တွေရဲ့ မျက်ရည်တွေက
အလင်းတန်းတွေသာဖြစ်ခဲ့တယ်
ဒါဆိုရင် ကြယ်တွေကြွယ်တိုင်း
လူတွေဆုတောင်းကြတာ ဘာကြောင့်လည်း....
မြန်မာ - အင်္ဂလိပ် စကားပုံ ( pdf )
ညနေခင်း ရဲ့ အိမ်ဖန်စောင့်
လေတွေပြိုတဲ့ ညနေခင်း
တိမ်တောင်နီတွေနဲ့ ဖြန့်ကျက်ထားတဲ့
ညနေခင်း
ညနေဆည်းဆာတွေနဲ့
နေမင်းကို ကျူတီရုတ်သိမ်းဖို့
အချက်ပြနေသလား
ဒါဆိုရင်
ငါ့ရဲ့လမင်လေး
ထွက်လာတော့လေမလား
မျှော်တော်ယောင်ရဲ့ လည်တိုင်ရှည်
ငှက်နားလောက်တယ်.....
ကြင်နာယုယလို့
ကြယ်တွေကြွေတာ အတူကြည့်ဖို့ရယ်
ထွက်လာပါတော့ လမင်းငယ်....
ကဗျာတစ်ပုဒ် ပုလဲတစ်လုံး
ကမာကောင်လေးတွေ ငိုတဲ့အခါ
ပုလဲဖြစ်သွားသတဲ့...
အဲ့ဒီ ပုလဲကို သီကုံးလို့
ကြင်သူ လည်တိုင်ထက်ဝယ်
ဆွဲပေးဖို့ စိတ်ကူးတွေရှိခဲ့ဖူးတယ်...
လွမ်းလို့ တမ်းတ ငိုခဲ့ရတဲ့နေ့တွေမှာ
ငါဟာ ကမာကောင်လေးတွေရဲ့ ဆန့်ကျင်ဘက်ပေါ့
ပုလဲမထွက်လာပဲ
ကဗျာတွေသာ ထွက်လာခဲ့တယ်..
အို.... အကြင်သူ
ပုလဲဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်မို့
သူတစ်ပါးမျက်ရည်ကို အလှမဆင်ရက်ပါဘူး
ငါ့ရဲ့ရင်တွင်းထုတ်လုပ်
ခံစားမှုကဗျာတွေအတွက် ခံစားမှုတိုက်ဆိုင်နေမယ်ဆိုရင် ...
ပုလဲတစ်လုံး ရွှဲတစ်လုံး နဲ့ ကဗျာတစ်ပုဒ်
ဝိုင်တစ်ခွက်နဲ့ အနားကမင်း နတ်ပြည်ဖြစ် ချက်ခြင်း....
သင်းကွဲငှက်
ပြောင်းလဲခြင်းတွေရဲ့ နာမ၀ိသေသနအောက်မှာ
နင်အသားကြခဲ့လေသလား စဉ်းစားမရအောင်ပဲ...
ခရီးအဆုံးရဲ့ မှတ်တိုင်ကို မရောက်ခင်
တို့နှစ်ယောက်ရဲ့ အိမ်ငယ်လေးလည်း
အရည်ပျော်ခဲ့ပါပြီ....
အခုဆိုရင် ငါဟာ
လေထဲက ဖယောင်းတိုင်လို
ခံနိုင်ရည်လည်း နတ္တိ
မင်းထားခဲ့ချင်တယ်ဆိုရင် ထားခဲ့လိုက်ပေါ့
ငါဟာ သင်းကွဲနေတဲ့ ငှက်တစ်ကောင်
စိတ်ကူးယဉ်မှုပြဿနာ
တစ်ရက်နဲ့ တစ်ညနေ
ရက်လ နဲ့ အသင်္ချ
ထွေထွေ ပွေပွေ မစဉ်းစားခဲ့ပေမဲ့
စိတ်ကူးယဉ်ဆန်လွန်းသော စိတ်တစ်ခုကြောင့်
အရှုံးများစွာကို ရင်ဆိုင်လိုက်ရတယ်
နောင်တ ဆိုတာ နောက်မှရလို့
နောင်တ လို့ခေါ်တာလား
စိတ်ကူးယဉ်မှုတွေ အောင်မြင်ဖို့ဆိုရင်
ငါ့ရဲ့ သိက္ခာ ခ၀ါချဝံ့တယ်
ငါ့ရဲ့ မာန မြေသို့ နိမ့်ခဲ့တယ်
ဖြစ်ရမယ်ဆိုတဲ့ အတ္တကို မက်မောစွာပေါ့
ငါနှစ်သက်ခဲ့တယ်
စိတ်ကူးယဉ်မှုတွေ အထမြောက်ဖို့
ငါ့ရဲ့ အတ္တ မြားအစင်းပေါင်းများစွာရယ်
ချစ်သောသူနဲ့ ကွေကွင်းရတယ်....
မနက်ဖြန်ဆိုတာ
စိတ်ကူးယဉ်မှုအသစ်တွေလား.....
နတ္တိရဲ့ အခြားတစ်ဖက်
| သစ်ရွက်ပေါ်ကနှင်းစက်ကလေးတွေ နွေဦးက လေရူးတို့ကြောင့်အပူမိကာ အရည်တွေပျော်ပျက်စီးမျောခဲ့ရတယ် လေပြေလာလို့ သစ်ရွက်လေးတွေ ကြွေခဲ့ရရင်အကိုင်းအဖျားက ငှက်ကလေးတွေဘုံပျောက်လောက်တယ် ကြင်နာမှုကအခြားတစ်ဖက်မှာရင်ခုန်သံက စည်းချက်မညီပါ မီးမလာတဲ့ ညမှာ သတ်ပုံမှားခဲ့တယ် ငါ့ရဲ့ ကဗျာ ဘယ်သူဖတ်မလဲ ခေါင်းပေါ်ရွက်ရောင်းတဲ့ ကုန်စိမ်းသည်လို ငါ့ရဲ့ ခံစားချက်ကို အလေးခိုးစရာ မလိုခဲ့ဘူး သန်းခေါင်ယံကလမင်းကိုတော့အခုထက်ထိ ငါတမ်းတဆဲ ကြယ်စင်တွေကို မက်မောတဲ့စိတ် အခုတော့ နတ္တိ မင်းမှမင်းပဲ...... {ဇောင်း} |
ဆွေးနေလောက်ပြီ
မှတ်တမ်းမရှိသော ဒဏ်ရာရနှလုံးသား အပြတ်ပြတ်နဲ့ ယိုစိမ့်ခဲ့သော သစ္စာ မှောင်မဲကာ ရွာခဲ့သော မိုးရေစက်များထဲ အသည်းကွဲကဗျာကို ရွတ်ဆိုရင်းနဲ့ လှောင်ပြောင်သံတွေက နားထဲ မီးပူထိုးနေကြတယ် အသည်းအသန် ခဲမှန်သလို ချစ်နေခဲ့တော့ ကျေနပ်ပါတယ် ခံစားရသမျှရယ် လက်ပိုက်ကြည့်လို့ ခါးကိုထောက်ရင်း ဘယ်နှယ့်လဲ နည်းတောင်နည်းသေးတယ်တဲ့ ဘယ်ဘ၀က အငြိုးတွေလည်း အထည်ဟောင်းတောင် ဆွေးနေလောက်ပြီ ရင်ခွင်ဟောင်းတောင် ကလေးတွေတပြုံကြီးနဲ့ ပူတာအိုထဲ သံလမ်းတွေပေါ် သံချေးတောင် တတ်လောက်ပြီ အမျက်တော်ရယ် ပြေပါစေတော့ ခံစားနေရ ဒီရင်ရယ် မောလှပြီ.... {ဇောင်း} |
ငွေရောင်လမင်း...
ကောင်းကင်ထက်က ငါ့ရဲ့လမင်း
ကြယ်စင်တွေကို ငါမက်မောခဲ့ချိန်က
ကြင်နာစွာ နားလည်ပေးခဲ့သူ...
အခု
လမင်းလေးလည်း ကြယ်စင်တွေကို
မက်မောလာတော့ ခူးဆွတ်က ခြံတစ်ခြံထဲမှာ
သိမ်းပေးထားချင်ရဲ့
ငွေရောင်လမင်းလေးရယ်
ပင်ပန်းနေရင် အိပ်လိုက်နော်
နေလုံးကြီးထွက်ပေါ်လုနီးနေပြီ
ကြယ်စင်တွေကို ငါမောင်းထုတ်လိုက်အုံးမယ်...
{ဇောင်း}
ကြိုးတစ်ချောင်း
ထိုစဉ် တောင်ပေါ်လေနုအေးတို့က သူမ၏ နဖူးပေါ်ရှိ ဆံမျှင်လေးများကို လာရောက်ပွတ်တိုက် ဆော့ကစားသွားသည်မှာ ကျွန်ုပ်အနေနှင့် အူတိုသွားမိလေသည်။ ကျေးငှက်တို့ရဲ့ တေးသံလေးတွေနဲ့အတူ သူမရဲ့ နှုတ်ဖျားက ခပ်အေးအေးသီချင်းလေးတစ်ပုဒ်ကို ညည်းဆိုနေပုံများ တောရိုင်းမြေတောင် နတ်ပြည်ဖြစ်လောက်ရဲ့...။
“မောင်“
“ပြောလေ အကြည်”
“ဒီလိုတောင်ပေါ်က လေနုလေးတွေတိုက်ခတ်ပုံနဲ့ ငှက်ကလေးတွေ သီချင်းဆိုနေပုံတွေကို မြင်ပြီး လွမ်းစရာကောင်းတယ်နော် ဒီချိန် မောင်တာ မရှိရင် အရမ်းလွမ်းဖို့ကောင်းမှာပဲ..”
“အကြည်ရယ်... မောင်လည်းအတူတူပါပဲ အခုလိုအချိန်မျိုးမှာ အကြည်တာဘေးနားမှာ မရှိနေရင် လွမ်းဆွေးစရာဖြစ်နေမှာ.. ဘယ်လိုပဲဖြစ်ဖြစ် မောင့်ရဲ့ဘေးနားမှာ အကြည်ရှိနေတာ မောင်ကျေနပ်တယ်”
“အတူတူပါပဲမောင်ရယ်...”
သူမ စကားပြောရာတွင် စွဲမတ်ဖွယ်ကောင်းသော ချွန်မြမြနှုတ်ခမ်းတစ်စုံက စိတ်လှုပ်ရှားစရာကောင်းနေပေသည်။ မဟာဆန်သော အလှမျိုးကို ပိုင်ဆိုင်မထားပေမဲ့ သူမမှာ တစ်မျိုးလေးချစ်စရာကောင်းနေသည်မှာ ကလေးတစ်ယောက်လို ဖြူစင်သော အလှမျိုးဖြစ်နေလေသည်။ တစ်ခါတစ်ရံသူမသည် အစားပုပ်သည်။ တစ်ခါတစ်ရံမှာ သူမသည် စိတ်ကူးယဉ်လွန်းသည်။ မည်သို့ဖြစ်စေ သူမသည် ကျွန်ုပ်ကို အမြဲဂရုစိုက် ကြင်နာယုယသည်မှာ အိမ်ထောင်ရှင်မ ကောင်း ပီသနေသလိုပင်။
“မောင်....”
“အကြည့်ကို ဘယ်လောက်ထိ ချစ်သွားမှာလည်းဟင်.. သေတဲ့အထိချစ်မှာလား...”
“သေသွားရင် ချစ်လို့ရတော့ဘူးလေ အကြည့်ရဲ့...”
“ဟင်... ဒါဆို”
“အဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိ ချစ်မှာပေါ့အကြည်ရဲ့...”
“ဟွန့်... မောင်နော် စကားတော်တော်တတ်တယ်...”
“မတတ်ရပါဘူး အကြည်ရယ် တစ်ကယ်ပြောတာ”
“အကြည်တာ မောင့်အပေါ် ပြောင်းလဲမသွားနဲ့နော်...”
“အမလေး မောင်ရယ် ဘယ်သူက စချစ်တာလည်းဆိုတာကို ပြန်စဉ်းစားပါအုံးလား ပြောကိုပြောချင်ဘူး ပိုကိုပိုလွန်းတယ်.....”
“အင်းပါ... အကြည်ရယ် မောင်က အကြည့်ဘက်က စိတ်ပြောင်းလဲသွားပြီး ပစ်သွားမှာပဲ ဆိုးတာ”
“စိတ်ချပါ မောင်သာအကြည့်ကို မပြစ်သွားရင်ပြီးရော...”
တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နှူးကြပုံက ပျော်စရာကောင်းသည်။ ရင်ခုန်စရာလည်းကောင်းနေပေသည်။ သူမသည် ချစ်ခြင်းများစွာ ခိုင်မြဲစေရန် သဘောနှင့် လက်စွပ်ကို ကျွန်ုပ်၏ လက်တစ်ကြွယ်သို့ စွပ်ပေးခဲ့လေသည်။ ကျွန်ုပ်မှာ သူမ၏ အချစ်ကို အသိအမှတ်ပြုသော အနေဖြင့် နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းများထဲကလို ဒူးထောက်၍ သူမ နှင့် ကျွန်ုပ့် ချစ်ခြင်းများ ရာသက်ပန်ခိုင်မြဲစေရန်အတွက် စိတ်ထဲရေရွတ်ဆုတောင်းကာ သူမအား ပြန်၍ လက်စွပ် စွပ်ပေးလိုက်လေသည်။ သူမနှင့်ကျွန်ုပ် ခိုင်မြဲစေရန် ကြိုးနှစ်ချောင်းငင်ခဲ့လေသည်။ ထိုအချိန်က လက်စွပ်ဝတ်ပေးခြင်း ကြိုးမျှင်သည် ပထမဦးဆုံး ကျွန်ုပ်ဘ၀ရဲ့ မေ့ပျောက်၍မရသော ကြိုးတစ်ချောင်းဖြစ်ခဲ့လေသည်။
မျှော်ခဲ့ရသည် သုံးလပိုင်း
|
အချစ်ရှုံးသမားကြီး ဒဿဂီရိ
“ဒီမယ် သီတာ ကြင်နာယုယခြင်းမရှိလို့ ကျုပ်ရဲ့ အချစ်တွေကခက်ထန်နေတယ်လို့ ထင်နေသတဲ့လား.၊ ကြင်နာယုယပြမှ နှူးညံ့သိမ်မွေ့တယ်ဆိုရင် ကျုပ်ဒီ လေးမြှားပစ်ပွဲကို ၀င်မှာမဟုတ်ဘူး.....” {ဇောင်း} |
သက္ကရာဇ်တွေသာ အလီလီပြောင်းလည်းခဲ့တယ်၊ အချစ်ရှုံးသူ ဒဿဂီရိကတော့ လူကြမ်းဘ၀က မကျွတ်ရသေး။ လူကြမ်းတွေမှာရော ချစ်တတ်တဲ့ စိတ်မရှိရတော့ဘူးတဲ့လား၊ နှလုံးသားကို ဖက်နုနုနဲ့ထုပ်ဖို့ ကြင်နာခြင်း ယုယခြင်းကို မသိမနားလည်ခဲ့တာ အခုတော့ ဒဏ္ဍာရီထဲ ရာဇ၀င်တွင်ခဲ့လေတယ်။ တောင်ဆယ်လုံးထက်က ရန်သူတော်တွေရဲ့ နှလုံးသားကို တစ်နေ့တည်းထိုးဖောက်နိုင်ခဲ့ပေမဲ့ မယ်သီတာရဲ့ နှလုံးသားကို မထိုးဖောက်နိုင်ခဲ့တာ ခက်ထန်ကြမ်းတမ်းခြင်းကြောင့်လား၊ အပြစ်တင်ရယ် မစောလိုက်ပါနဲ့၊ သမုဒယကြားက ချစ်ခြင်းမေတ္တာဆိုတာ မည်မျှပင် ခက်ထန်ကြမ်းတမ်းနေပါစေ တစ်ခါတစ်ရံမှာ ၀ါဂွမ်းနုလို ပျော့ပြောင်းစေခဲ့တယ်။
စမ်းချောင်းရေရဲ့ စီးမျှောမှုပေါ်မှ မယ်သီတာရဲ့ ရုပ်ပုံလွှာကို မြင်လိုက်ချိန် အလင်္ကာတွေ မပိုရလောက်အောင် ရင်ခုန်သံတွေနဲ့အတူ ဆောက်တည်မရဖြစ်ခဲ့တယ်ဆိုတာ လက်ထဲက ပုတီးလွတ်ကျတဲ့ ပုံရိပ်က ခိုင်မာခဲ့ပေပေါ့။ ချစ်ခြင်းမှာ မိုင်ပေါင်းကုဋေများစွာဝေးနေပေမဲ့လည်း စိတ်ကိုပြောင်းလဲစေတဲ့ ချစ်ခြင်းအကြောင်းတရားတွေက အံ့သြဖွယ်တောင် ကောင်းနေချိန်ပေါ့။ မျိုးရိုးရယ်မတူ ရေမြေရယ်ခြားနေပေမဲ့လည်း ချစ်ခြင်းစိတ်တွေကြောင့် မယ်သီတာရှိရာ အရပ်စီ မြင်းကိုဒုန်းစိုင်းလို့ အပြေးလှမ်းခဲ့တာ စာဖတ်သူ မသိပေမဲ့ သမိုင်းက သိနေခဲ့ပါတယ်။
သနားညှာတာ ထောက်ထားမှုရယ် မရှိခဲ့လေတော့ ပျားတစ်စက်ကြောင့် ပြည်ပျက်တယ် ဆိုရလေမလား၊ ချစ်သောမယ်သီတာကြောင့် ထီးနန်းလည်းပျောက် ရေကြည်လည်းနောက်ခဲ့ရတယ်၊ ဒါကိုတောင် အားမရသေးတော့ သမိုင်းအဆက်ဆက်မှာ အချစ်ကြီးသူ လူကြမ်းကြီး အချစ်ရှုံးသမားဒဿဂီရိ ဖြစ်ခဲ့ရလေတယ်.....။
ရက်ပေါင်း နှစ်ရာ့နှစ်ဆယ့်ခြောက်
သူမနှင့် ကျွန်တော် ချစ်သူသက်တမ်း ကိုးဆယ့်ခြောက်ရက်အထဲ တောင်တန်းတွေကာရံထားတဲ့ စမ်းချောင်းလေးရဲ့ တစ်ဖက်ကမ်းမှာ တဲတစ်လုံးကိုဆောက်လုပ်ပြီး၊ သောက်သုံးရေအတွက် ရေတွင်းတစ်လုံးကို တူးခဲ့ကြသည်။ တဲလေးရဲ့ ဘေးပတ်လည်မှာ သူမနှစ်သက်သော ဇွန်ပန်းလေးတွေကို စီစီညီညီစိုက်ပျိုးထားပြီး အိမ်နောက်ဖေးဈေးဆိုင်တည် ဆိုသလို သူမကြိုက်နှစ်သက်သော မှုံညင်းပင်များကို အကန့်လိုက်စိုက်ပျိုးထားသည်။
အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကြက်၊ ဘဲ၊ နှင့် ခွေးပေါက်စလေး တစ်ကောင်ကိုပါ မွေးထားသည်။ ခွေးပေါက်စလေးမှာ ချစ်စရာကောင်းနေပေသည်။ သူမလည်း ထိုခွေးပေါက်လေးအား ချစ်ပေသည်။ သူမသည် အိမ်တွင် ကြက်၊ ဘဲများကို နေ့စဉ်အစာကျွေးပြီး ကျွန်တော်ကတော့ ဥယျာဉ်မှူးလုပ်နေပါ၏။ အိမ်ရှေ့က စမ်းချောင်းလေးပေါ်တွင် သူမအတွက် ကုန်းကျော်ဝါးတံတားလေး ထိုးပေးထားသောကြောင့် သူမ၏ ချစ်စရာ့အပြုအမှုများဖြင့် လှပစွာ ခြေလှမ်းများက တံတားပေါ်လျှောက်လှမ်းလိုက် ပန်းပင်လေးများကို ကြည့်လိုက်နှင့် ကြည်နှူးစရာကောင်းနေပေသည်။ သူမ၏ သင်းရနံ့နှင့် ဇွန်ပန်းတို့၏ သင်းရနံ့တို့သည် ကျွန်တော့်အတွက် စွဲမက်စရာကောင်းနေပေသည်။
တစ်ခါတစ်ရံ ထို ကုန်းကျော်တံတားပေါ်တွင် သူမနှင့် ကျွန်တော် အတူထိုင်နေစဉ် တောင်တန်းများကြားမှ လေးနုအေးလေးတွေဟာ ကျွန်တော်နှင့် သူမအကြားတိုက်ခိုက်လာချိန် လေးနုလေးတွေထဲ ဇွန်ပန်းရနံ့များရော၍ ပါလာသည်မှာ အင်မတန် ရင်ခုန်လှိုက်မောဖွယ် ကောင်းနေပါသည်။ ဒီလိုနှင့် အတူနေလာခဲ့သည်မှာ ရက်ပေါင်းကိုးဆယ့်ခြောက်ရက်ပြည့်ခဲ့လေသည်။
{ရက်ပေါင်း တစ်ရာ့သုံးဆယ်}
တစ်နေ့သောအခါ တောင်ပေါ်က ဘုရားတစ်ဆူတွင် သူမနှင့်ကျွန်တော် ခိုင်မြဲစွာအချစ်သစ္စာကို ဆိုခဲ့ကြပြီး အိမ်အပြန် ညစာကို မျက်နှာချင်းဆိုင် စားနေကြချိန် ရင်ထဲ ပီတိများနှင့် ရောထွေးကာ ရင်ခုန်သံကထိန်းမရဖြစ်နေခဲ့သည်။ အကြောင်းမှာ သူမနှင့်ကျွန်တော် ဖူးစာက ငှက်ပစ်မလွဲဆိုသလို ရှိနေပေသောကြောင့်ဖြစ်သည်။
သူမနှင့် ကျွန်တော်မြို့ပေါ်တတ်ပြီး လိုင်းကားစီးခဲ့ချိန်တုန်းက ကားမောင်းသမား၏ စေတနာပါပါ မောင်းနှင်မှုကြောင့် ကားပေါ်မှ မပြုတ်ကျအောင် ကိုင်ထားသော သူမမှာ ချစ်စရာကောင်းနေပေသည်။ ကားပေါ်မှ ဆင်းချိန်လည်း သူမရဲ့ ကြောက်တတ်သော မျက်နှာလေးမှာ သနားစရာကောင်းနေပြန်သည်။ အေးချမ်းတည်ငြိမ်သော တောတန်းလေးမှ တဆင့် သူမနှင့်ကျွန်တော် မြို့ကြီးပြကြီးကို အလည်ရောက်ခိုက် တောရွာ၌ မရနိုင်သော YKKOကြေးအိုး ကိုလည်း စားခဲ့မိပြန်၏။
မြို့ကြီးပြကြီးမှာ အသားမကျသော သူမသည် ရွှေပုစွန်ကိတ်မုန့်ဆိုင်ရှေ့နား ယောင်လည်လည်နှင့် ကျွန်တော့်အား စောင့်နေသည်မှာ ငိုချင်စိတ်ပေါက်နေသော သူမ၏ မျက်နှာအား တွေ့ရသည်မှာ စိတ်မကောင်းလည်းဖြစ်ခဲ့ရသည်။ သူမသည်လည်း ကျွန်တော့်အား နားလည်ပေးခဲ့သလို၊ ကျွန်တော်လည်း သူမကို နားလည်းပေးခဲ့ပါသည်။
တစ်နေ့ ဘာရယ်ကြောင့်မသိ သူမနှင့်ကျွန်တော် ခွဲရဖို့ကြုံလာလေသည်။ မနက်ဖြန်ဆိုရင် သူမနှင့်ကျွန်တော် ခွဲရတော့မည် ဒီနေ့လို ညမျိုးတွင် သူမ၏ညိုးငယ်နေသော မျက်ဝန်းလေးကို ကြည့်ရင်း ကျွန်တော့်ရဲ့ မျက်ဝန်းသည်လည်း မျက်ရည်များ ၀ဲ၍လာတော့သည်။ သူမ၏ မျက်နှာ မျက်ဝန်း တို့သည် ညိုးငယ်နေသည်မှာ ကလေးတစ်ယောက်လို ဖြစ်နေလေတော့သည်။ ပို၍ ရင်ထဲမှာ အမှတ်တရဖြစ်နေရသည်မှာ ထိုညလေးထဲ Vနိုထွန်းရဲ့ ပြန်မဆုံဖြစ်ကြရင် သီချင်းလေးက ရင်ကိုရိုက်ခတ်စေတော့သည်။
သူမအိပ်နေချိန် သူမ၏ မျက်နှာလေးကို ထိုင်၍ကြည့်ရင်း ခွဲခွာရမှာကြောက်သောကြောင့် မနက်ဖြန်ကိုရောက်မှာ စိတ်က မလိုလားပဲ အလိုလိုနေရင်း မနက်ဖြန်ကိုရောက်ခဲ့လေတယ်။
ဒီနေ့ဆိုရင် သူမနှင့် ကျွန်တော် တောတန်းလေးထဲက ကိုးဆယ့်ခြောက်ရက် နှင့် ဘုရားပေါ်မှာ ဆုတောင်းခဲ့သော ရက်ပေါင်းတစ်ရာ့သုံးဆယ်ကိုပေါင်းလိုက်ရင် ရက်ပေါင်း နှစ်ရာ့နှစ်ဆယ့်ခြောက်ရက်ကို ရောက်ခဲ့လေပြီ။ ထို့ပေမဲ့လည်း ကျွန်တော့်ရဲ့ ရင်ခွင်ထဲ သူမမှာ ရှိမနေတော့ပဲ သူမသည် မျှော်လင့်ခြင်းများစွာကို ရိုက်ချိုးခဲ့လေတော့သည်။
{နောင်တရဲ့ အသိ}
ဟိုအရင်တစ်ချိန်က မှားခဲ့သမျှရယ် အကောင်းတိုင်းဖြစ်စေဖို့ တစ်က ပြန်စရင် အချိန်တွေရယ် မှီပါသေးတယ်၊ အချိန်တွေရယ် ပေးရင်း၊ နားလည်မှုနဲ့ စာနာမှုတွေတာရှိမယ်ဆိုရင် ကမ္ဘာပြိုမယ်ဆိုတောင် မငိုတတ်ခဲ့သူပါ။ ရင်ခွင်အစားလည်း မထိုးရက်ပါဘူး ရက်ပေါင်းနှစ်ရာ့နှစ်ဆယ့်ခြောက်ရက်သာ ပြည့်ခဲ့ပြီ ဒီရင်ခွင်ကတော့ အရင်တိုင်း မျှော်နေဆဲပေါ့..၊ ဒီပိုစ့်လေးက ကြေကွဲခြင်းရဲ့ နောက်ဆုံး ပိုစ့်အဖြစ်သာ တည်ရှိပါစေတော့.....
ရင်ထဲက ပန်းကလေး
သံယောဇဉ်ကြားက မြစ်တစ်စင်းကို ဖြတ်တောက်လို့ လွယ်ပါ့မလား၊ အနေချင်းနီးနီးဝေး ဝေး တစ်ကယ်ဆိုရင် ချစ်ခြင်းနဲ့နားလည်မှုက အဓိကပါ၊ နီးစပ်ရာ ဖျားယောင်း သွေးဆောင်မှုတွေကြားမှာ လိမ္မာပါးနပ်စွာ ရုန်းထွက်နိုင် စေတော့ကွယ်၊ ပန်းဆိုတာ ဖူးပွင့်တုန်းခဏမှာသာ သင်းရနံ့တွေ ကြိုင်လှိုင်နေပေမဲ့ ပင်စည်တွေ ရင့်ထွားလို့ ပန်းပွင့်လေးလည်း ရင့်ရော်ယမ်းလာတဲ့အခါ ဘယ်သူတွေက အနီးနားမှာ ရှိနေပါတော့မလဲ၊ တစ်ကယ်တော့ ပန်းဆိုတာ ဖူးပွင့်ချိန်အခိုက်မှာသာ သင်းရနံ့တွေကြိုင်လှိုင်နေတာပါ၊ ခဏတစ်ဖြုတ်သာ နုပျိုရှင်သန်ခြင်းနဲ့ ပျားတကာတို့ခဏသာ ရစ်ဝဲမူးယစ်နေကြပေမဲ့ အချိန်တွေကြာညောင်းလာတဲ့အခါ ဘယ်သူက ကြာရှည်ဂရုစိုက် ကြင်နာကြမလဲလေ၊ ပန်းလေးအနား ပျားတွေရစ်ဝဲနေတာ ချစ်ခင်ကြင်နာလို့ မဟုတ်ဘူးရယ် တစ်ခုတည်းသော ပန်းတို့ဝတ်ရည်ကို စုပ်ယူသောက်သုံးဖို့ရယ်ပါ...။ ချောင်းကိုပစ်၍ မြစ်ကို ရှာသလား ရေသာများ၍ ငါးမတွေ့နိုင်ပါဘူး၊ မမြင်ဖူး၍ မူးကိုမြစ်မထင်စေချင်ဘူး၊ စိတ်တွေ လေလွှင့်နေချိန် ဘယ်သူတွေ ချဉ်းကပ်နေပါစေ၊ လေယူရာမယိမ်းလိုက်ပါနဲ့ အားနွဲ့နေသူ ကလေးရယ်၊ အနေချင်းဝေးကွာရသမို့ စိတ်မချနိုင်တာ အဝေးရောက်ချစ်သူတိုင်းရဲ့ ဝေဒနာအတ္ထုပ္ပတိတစ်ခုပါ၊ ဝေးကွာခြင်းက ဘယ်လောက်ရှိနေလည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်တောင် မဝေးဘူးရယ်၊ တစ်ကယ်ဆို တို့နှစ်ယောက် ဝေးကွာခြင်းက မိနစ် ၉၀ရယ်ပါ၊ ဘယ်လိုထိဝေးကွာနေလည်း ချစ်ခြင်းသစ္စာတွေကြောင့် စိတ်ချင်းနီးနေရသူပါ၊ စိတ်တွေက မတည်ငြိမ်မိုးသားလို ဖြစ်နေရင်တောင် နီးစပ်ရာကောက်ရိုးတစ်မျှင်ကို အဖော်မပြုရက်ပါဘူး၊ ရင်တွင်းဝေဒနာအပူမီး လှိုင်းထန်နေလည်း ရင်ပူစွာ တမ်းတနေမယ်ဆိုတာ သိပါစေတော့ကွယ်..၊ ပုံပြင်တွေ မဖတ်တတ်တဲ့သူ၊ စိတ်ကူးတွေ မယဉ်တတ်တဲ့သူ၊ သတိရခြင်းဆိုတာ ဘာမှန်းမသိတဲ့သူ၊ ဝေးကွာခြင်းရဲ့ အရသာဆိုတာ ဘာမှန်းမသိတဲ့သူ အခုတော့ ကလေးရယ် ပုံပြင်တွေလည်း ဖတ်တတ်နေပြီ စိတ်ကူးတွေလည်း ယဉ်တတ်လာပြီ သတိရခြင်းတွေက အထွဋ်အထိပ်ရောက်လို့ ပူဆွေးခြင်းဝေဒနာကို ခံစားနေရလေပြီ။ ဟိုအရင်အတူရှိခဲ့စဉ်က ကန်ဘောင်ပေါ်က လေပြေနုလေးတွေနဲ့ လသာညတွေ၊ ဆိပ်ကမ်းဘေးနားက ဇင်ယော်ငှက်ကလေးတွေ ၊ ဖယောင်းတိုင်တစ်တိုင်ရဲ့ အလင်းရောင်၊ ပထမဦးဆုံး တိုက်ခဲ့ဖူးတဲ့ City Markပေါ်က ကော်ဖီတစ်ခွက်ရယ်၊ ပထမဦးဆုံး ရင်ခုန်ခဲ့ရတဲ့ မျက်ဝန်းတစ်စုံရယ်၊ ရက်ပေါင်း ၉၀ပြည့် အမှတ်တရများစွာရယ် အခုများတော့ အထီးကျန်ဆန်ခဲ့လေပြီလား၊ အခုဆို တမ်းတသတိရမိတိုင်း မျက်ရည်က ၀ဲလာတယ် ငါမငိုပါဘူး မျက်ဝန်းက မျက်ရည်တွေက သူ့အလိုလိုကျလာတာ..... {ဇောင်း} |
မြန်မာစာ မြန်မာစကား အတွက် ကျေးဇူးတင်လွှာ
![]() ပထမဦးဆုံး ပြောချင်တာက အခုလို ဘလောဂ့်အကယ်ဒမီဆုရခြင်းက ကျွန်တော်တတ်လို့ တော်လို့ရခြင်းမဟုတ်ပဲ၊ မြန်မာစာ မြန်မာစကား သို့ အလည်လာ ဖတ်ရှုကြသူများ၏ အားပေးခြင်းကြောင့် ဆုရတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ၊ ဤမြန်မာစာ မြန်မာစကားတွင် ပါရှိသော စာများသည် မြန်မာစာကိုပြုစုကြသော ကျမ်းပြုဆရာကြီးများ (စာရေးဆရာကြီးများ)၏ စာများ၊ မြန်မာစာအဖွဲ့မှ စာများဖြစ်သောကြောင့် ဆရာ့ ဆရာကြီးများ အားလုံးကို ကျေးဇူးတင် ဂါရ၀ပြုအပ်ပါတယ်ခင်ဗျာ။ မြန်မာစာ မြန်မာစကား အတွက် ရရှိသော ဆု(Domain & Hosting)အားကျွန်တော့်ကိုယ်ရေးကိုယ်တာအဖြစ်အသုံးမပြုပဲ၊ အများအကျိုးအတွက် သင့်လျှော်မည့် အသင်းအဖွဲ့ (အင်တာနက်တွင် အုပ်စုလိုက် Website လုပ်နေသူများကို ဆိုလိုပါသည်) တစ်ခုခု အား ပေးအပ်လှူဒါန်းဖို့ ရည်ရွယ်ထားပါသည်။ မြန်မာစာမြန်မာစကားကို လူသိများ၍ စာများလာရောက် ဖတ်ရှုနိုင်ရန်အတွက် လိုက်၍ ကြေငြာ၊ သွားရောက် လည်ပတ်ပေးသော မမြတ်မွန် ကိုလည်း ကျေးဇူးအထူးတင်ပါ၏၊ ကျွန်တော့်ကို အမြဲအားပေးတဲ့ ကျွန်တော့်ရဲ့ ကိုရီး{ကိုကြီး}ကိုလည်း ကျေးဇူးတင်ပါသည်။ မြန်မာစာ မြန်မာစကား သို့ အလည်လာ ဖတ်ရှုကြသော Blogger ညီအစ်ကိုမောင်နှမများနှင့် Bloggerဘက်မှမဟုတ်သော စာဖတ်သူများနှင့် နေ့စဉ်အဆက်မပြတ်လာရောက် ဖတ်ရှုအားပေးသော စာဖတ်မိတ်ဆွေကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ {ဇောင်း} http://myanmarsar.zaung.net |
ဆုရတဲ့ သတင်းက ကြားတာကြာနေပေမဲ့လည်း ဂုဏ်ပြုလွှာက အခုမှ(၄.၂.၂၀၁၀)ရောက်လာတာကြောင့် ကျေးဇူးတင်လွှာကို အခုမှရေးဖြစ်တာပါ၊ Cbox မှာ လာရောက် ဂုဏ်ပြုသွားသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...
လိမ္မာစေတော့ ကလေးရယ်....
တစ်ချိန်တစ်ခါက မကြင်နာယုယလို့ နှလုံးသားအပြစ်ဒဏ် သင့်ခဲ့ရတယ်။ နွေဦးရဝေ ဥသြငယ်လို လွမ်းနာလည်းကျ ဆွေးမြေ့စွာနဲ့ ချစ်သူရည်းစား သူတစ်ပါးလက်ထဲ ကျရောက်သွားမှာ မလိုလားအပ်လို့ ခနိခဏ လူကြမ်း လုပ်ရတယ်။ ချစ်ခြင်းရယ်ကြောင့် ဗီလိန်ဖြစ်နေ လူကြမ်းတွေတောင် ကိုးကွယ်လောက်ရဲ့ ကြမ်းတမ်းစကား မဆိုရက်ပါဘူး မည်သို့ဆိုစေ ပြစ်ခွာသွားမှာ စိုးနေရသမို့ သနားညှာသာ ဒီမောင့် ရင်ကို အကြင်နာမြှားဦး ပစ်လွှတ်လှည့်ပေါ့ နာကြင်ခြင်းက ကြင်နာခြင်းဖြစ်အောင် စိတ်ချင်းဆောင်။ မျှော်သာမျှော် ပေါ်မလာသူမယ် ပျော်လို့နေသလား ရင်ခွင်သစ်က အဟောင်းထက် နားလည်နိုင်ပါ့မလား စာနာခြင်းနဲ့ကြင်နာခြင်းတွေရယ်၊ရေမြေချောင်းခြားဝေးရပ်မြေမှာ ၀မ်းရေးအတွက် ရုန်းကန်နေရသူခြင်း အချိန်တန် အိတ်ဖောင်းလို့ စိတ်ပြောင်းကာ မွေးရပ်ကို ပြန်လာရမယ်။ ခဏသာခိုးနားရာ ရင်ခွင်ရယ် မဖြစ်စေလိုတယ်။ လူအပါးဝတာရယ်များလှ လောကကြီးထဲ မနုဿဋီကာ ကျမ်းတတ်သူများကြား ရှောင်ရှားစေလိုတယ် တစ်ခါတစ်ရံ ချစ်ခြင်းရယ်ကြောင့် ဒေါသဖြစ်ရတယ်။ အမှောင်က လူကိုဘယ်မြင်နိုင်မလဲ၊ တွေဝေတိမ်းရှောင် မနုဿကြား ပ၀ါပါးနဲ့ ကြက်သားမထုတ်စေချင်တယ်။ ရင်ခွင်တကာထဲ အနွေးထွေးဆုံးမယ် မာတာမိဘ ရင်ခွင်ရယ်ပါ ခလုတ်ထိလို့ အမိတလည်း အစဉ်အမြဲ ရင်ခွင်တံခါး ဖွင့်လို့ထားတာ အနွေးထွေးဆုံးရင်ခွင်ပါ ၁၅၀၀အပူမီးထဲက အချစ်တွေရယ် ချစ်ခြင်းခဏသာ ချစ်သူဖြစ်ကြရတယ်၊ အမုန်းနိဂုံးရောက်ကျရာဝယ် ကမ္ဘာ့ရန်သူပမာဖြစ်တတ်ကြတယ် အေးမြဆုံးအချစ်ရယ် ၅၂၈တွေပါ။ မိဘသေရင် မိဘအစားမရသလို မောင်ဘွားသေရင် အစားမရဘူးတဲ့၊ လင်ယောက်ျား/မိန်းမ သေရင် အစားရနိုင်ပါသေးတယ်၊ မိဘရင်ခွင်ဟာ အေးမြလှတာမို့ အပူမီးအချစ်တွေကို မမက်မောပါနဲ့လား ရင်ခွင်ကြားက ဓားသွားတစ်လက် မဖြစ်စေချင်ဘူး၊ ခဏသာပျော်ရွှင်မှုတွေရယ် မျှော်လင့်ခြင်းကို မဲ့ခဲ့စေတယ်၊ အသိဉာဏ်ပိတ်ဖုံး အလွမ်းနိဂုံးတွေလည်း မလိုချင် မဖြစ်ချင်တော့တယ်၊ နားလည်ခွင့်လွတ်ရင်းနဲ့ မျှော်လင့်ရောင်ခြည်ဟာမနက်ဖြန်တိုင်းအတွက်အားဆေးတစ်ခွက်မို့ လိမ္မာစေတော့ ကလေးရယ်...... {ဇောင်း} |
HaPpY B'dAy Ko YeE
ဒီနေ့က ဆေးလိပ်တွေလျော့၊ ဘီယာတွေလျော့ ဖို့ အမြဲတားနေရတဲ့ ကျွန်တော့်ရဲ့ အစ်ကိုအကြီးဆုံး မွေးနေ့ပါ။ သူ့ကိုမွေးလာတဲ့ သက္ကရာဇ်တွေမှာ ဒီနှစ်ကတော့ ထူးခြားသော သက္ကရာဇ်တစ်ခုပါ။ လူတစ်ယောက်မှာ ထူးခြားတဲ့ မွေးနှစ်ဆိုတာ တစ်သက်မှာ တစ်ခါတောင် ကြုံခဲပါတယ်။ ထူးခြားတယ်ဆိုတာ ၂၀၁၀ ရောက်လို့လား၊ အဲ့လိုလည်းမဟုတ်သေးပါဘူး။ ကျွန်တော့် အကိုကြီးရဲ့ အသက်က ၃၃ နှစ်ပြည့်ပြီ ဘယ်နေ့မှာပြည့်တာလည်းဆိုတော့ ၃.၃.၂၀၁၀ ပေါ့.......
- အသက် = ၃၃ နှစ်
- နေ့ရက် = ၃ ရက်
- လ = ၃ လ
- ခုနှစ် = ၂၀+၁၀=၃၀+၂+၁= ၃၃နှစ်
ကျွန်တော့်ရဲ့ ကြံကြံဖန်ဖန်တွက်ချက်နည်းအရ ဂဏန်းတွေကတော့ “၃” တွေပဲမြင်နေရပါတယ်။ ၂၀၁၀ ကို ဘယ်လိုပေါင်းပေါင်း ၃၀ နဲ့ ၃၃ ရတယ်။ အဲ့ဒီလိုတွက်ချက်လိုက်တော့ ကံကောင်းမယ့် နှစ်လို့ မြင်မိပါတယ်။ ကံလည်း ကောင်းပါစေ။ ဘုန်းလည်းကြီးပါစေ။ ကျန်းမာရေးလည်း ကောင်းပါစေဗျာ။ အပူအပင်တွေ ကင်းဝေးလို့ မိသားစုအကျိုး လူသားအကျိုးကို သယ်ပိုးရင်း ငြိမ်းချမ်းအေးမြသော တောင်ကျရေပမာ ယခုဘ၀နှင့် နောက်ဘ၀အဆက်ဆက်မှာ အေးချမ်းပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ် ကိုရီး။
{ရှေးကျဆုတောင်း}
မွေးနေ့ရက်လ၊ ထူးလို့ခြားသပ၊ ခုနစ်နှစ်စုံ၊ သုံးနှစ်စုံ၊ နှစ်ဆယ် တစ်ဆယ်၊ သက္ကရာဇ်ထဲ၊ ကံကောင်းပျော်ရွှင်၊ စိတ်ကြည် ရွှင်မြ၊ စိတ်ရဲ့တောင်းတ၊ လိုဆန္ဒတို့၊ ပြည့်ဝစေကြောင်း၊ ဆုတောင်းပေး၏၊ ယခုဘ၀၊ နောင်ဘ၀၊ အဆက်ဆက်များလည်း၊ သီတာရေကြည်ပမာ၊ အေးချမ်းလို့၊ စိတ်ပူပင်များစွာရယ်၊ ကင်းလို့၊ ပျော်ရွှင်ပါစေ၊ ချစ်ကိုရီး ။
တစ်ဆက်တည်းပဲ ဒီမွေးနေ့ ဆုတောင်း ပိုစ့်လေးနဲ့အတူ တစ်ချိန်က ကိုရီး ကို စိတ်အနှောက်အယှက်ပေးခဲ့မိတာတွေ စိတ်ညစ်စရာတွေကိုပေးခဲ့မိတဲ့ ညီ့ကို ခွင့်လွှတ်ပေးဖို့လည်း တောင်းပန်ပါရင်း ကန်တော့လိုက်ပါ၏ ။
{ဇောင်း}
ဆက်ချစ်ခွင့်လေး
ရေး/ဆို = ငဲငယ်
ဒါအိမ်မက်လား တစ်ကယ့်အဖြစ်အပျက်တစ်ခုလား
နင်မေ့လိုက်တော့လို့ ပြောပြီး ရက်စက်တာလား
အဆုံးမဲ့တို့ရဲ့ အချစ်တို့ ပျောက်ပျက်ပြီလား
မင်းပြောတာကို မယုံနိုင်တယ်....
ဒီနှောင်ကြိုးမဖြတ်ခဲ့ပါနဲ့ ချစ်ဖူးတဲ့နေ့ရက်များလည်း လတ်ဆတ်နေဆဲ
အခုကျတော့ အခြေအနေတွေဟာ ပြောင်းလည်း
မေရေ မျှော်လင့်ခြင်းများကို ယုံကြည်ခွင့်ပေး
ဒီကစလို့ ငါ့ရဲ့မှားယွင်းခဲ့သမျှ ပြုပြင်မယ် ငါ့နားမင်းမရှိတဲ့နောက် မဖြစ်တဲ့ဘ၀ကို သိပါကွယ်
ဝန်ခံပါတယ် ငါ့ရဲ့အမှားများပြုပြင်ပြီး မင်းအနားမှာပြန်နေခွင့်ပေး
ရင်မှာစူးစူးနစ်နစ် ချစ်ခဲ့မိတာ မင်းပါပဲ ငါအခုအရမ်းမဆိုးပဲနဲ့ မင်းပြောသမျှကိုလိုက်နာမယ်
ငါတို့နီးဖို့ရာ ငါနောက်ထပ် ရှေ့ဆက်ချစ်ခွင့်လေး နင်ပေးမှာလား....
ပြန်ဆုံခွင့်ရရင်..
ချန်ရစ်ပြီး နင်ထားခဲ့မှာလား နင်မရှိတော့ ငါ့ရဲ့ဘ၀က ခြောက်သွေ့နေမှာ
ထပ်ပြီးတော့ ဆုံးရှုံးခြင်းများ ပေးခဲ့မှာလား အဆုံးအသတ်ဟာ ဒီလိုလား
မယုံကြည်ဘူး နင်ပြောတဲ့ ဒီစကား နင်မေ့လိုက်တော့လို့ ပြောပြီး ရက်စက်တာလား
အခုကျတော့ မရည်ရွယ်တာတွေအားလုံး အရည်တွေပျော်ကုန်ပြီး ငါ့မှာသာ ကြေကွဲမဆုံး....
ဒီကစလို့ ငါ့ရဲ့မှားယွင်းခဲ့သမျှ ပြုပြင်မယ် ငါ့နားမင်းမရှိတဲ့နောက် မဖြစ်တဲ့ဘ၀ကို သိပါကွယ်
ဝန်ခံပါတယ် ငါ့ရဲ့အမှားများပြုပြင်ပြီး မင်းအနားမှာပြန်နေခွင့်ပေး
ရင်မှာစူးစူးနစ်နစ် ချစ်ခဲ့မိတာ မင်းပါပဲ ငါအခုအရမ်းမဆိုးပဲနဲ့ မင်းပြောသမျှကိုလိုက်နာမယ်
ငါတို့နီးဖို့ရာ ငါနောက်ထပ် ရှေ့ဆက်ချစ်ခွင့်လေး နင်ပေးမှာလား....
ပြန်ဆုံခွင့်ရရင်..
ဘယ်အချိန် ရှေးဆက်ငါ့ဘဝထဲကို မင်းလေးလှမ်းလာမယ်
ငါ့နားမင်းမရှိတဲ့နောက် မဖြစ်တဲ့ဘ၀ကို သိပါကွယ်
ငါတို့နီးဖို့ရာ ငါနောက်ထပ် ရှေ့ဆက်ချစ်ခွင့်လေး မျှော်လင့်ရင်းနဲ့....
တို့ဆက်ချစ်ခွင့်လေး.....
အပြတ်ပြတ်သစ္စာ
နွမ်းမှာစိုးလို့
ယုယပြုစု
ကြင်နာမှုကို
လျစ်လျှူရှု
ရင်ခွင်အသစ်ကို
မျှော်သလားကွယ်.......
ငိုခဲ့ဖူးပြီ
မထူးမဲ့ဇာတ်မို့
ဆက်ကရမလား
တစ်ခန်းရပ်နဲ့ ရပ်တန့်ရမလား
ပြီးပြတ်လိုက်ရင်
ပိုကောင်းလေမလား.......
လွမ်းသူမျှော်ဆဲ ဝေးရပ်မြေက
စိတ်မချနိုင်တာအခုများတော့...
{ဇာတ်သိမ်းရခက်}
{ကိုရီး} + {ဇောင်း}
စည်းမစောင့်သော ...
အုပ်ထိန်းသူတို့ ငယ်စဉ်တုန်းက ကလေးဘ၀သည် ယခုခေတ် ကလေးဘ၀နှင့် လုံးဝ မတူညီ တော့ပါ။ အုပ်ထိန်းသူတို့ ငယ်စဉ်တုန်းက အသက်၂၀-အထိပင် ချစ်သူရည်းစားထားဖို့ဝေးစွ ရင်ခုန်ခြင်းဆိုသည်ကို သရုပ်ဖော်၍မတတ်သော ခေတ်ကာလပင်ဖြစ်သည်။
ယခု တိုးတတ်လာသော ခေတ်နှင့်အညီ ၁၀-နှစ် အထက်ကလေးများသည် ရင်ခုန်တတ်စ အသည်းကွဲစ ဖြစ်တတ်လာခဲ့ပေသည်။ မိဘများက ကလေးများကို ပညာတတ်ဖြစ်အောင်ရည်ရွယ်၍ ကျောင်းသို့လွှတ်သည်။ သော်သို့ ယခုခေတ်ကာလကလေးများသည် ကျောင်းတွင် ပညာမရှာပဲ ချစ်သူရည်းစားများ ရှာနေသလိုဖြစ်ပေသည်။
ထို့အတူ ယခုခေတ်တွင် ခေတ်စားနာမည်ကြီးနေသော အင်တာနက်(ကွန်ပျူတာ) များကို မိမိတို့ သားသမီးများက အသုံးပြုနေကြသည်ကို မိဘများက မြင်ကြရသောအခါ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိဘများက ၀မ်းသာကြည်နှူးပီတိဖြစ်ကြရပေသည်။ ကလေးသူငယ်များသည် အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုပါက မိဘများရဲ့ ပီတိဟာ စစ်မှန်သော ပီတိဖြစ်ရပေတော့မည်။
ထိုသို့မဟုတ်ပဲ အင်တာနက်ကို ချစ်သူရည်းစားရှာခြင်းတစ်ခုတည်းအဖြစ် အသုံးပြုနေကြသူ သို့မဟုတ် မျောက်ပြ ဆန်တောင်း နေကြသူများ ဖြစ်နေကြပါက မိဘများရဲ့ ပီတိဟာ ခဏသာပဲ ဖြစ်စေပါတော့တယ်။ ထို့အတူ အင်တာနက်ကို အသုံးပြုနေကြသော လူများသည် သူ့စည်းကိုယ့်စည်းဆိုသည်များလည်း ရှိကြရပေသည်။ အောင်မြင်မှုတစ်ခုကို ဘမ်းပြ၍ တောင်ကုတ် မြောက်ကုတ် လုပ်နေသည်မှာလည်း ခက်လှပေသည်။ စည်းဆိုသည်မှာ နေရာတစ်ကာ၌ရှိပေသည်။
ပမာဆိုရသော်......
အင်တာနက်လောကတွင် သူတစ်ပါးက ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသားထားသော စာများကို မိမိက ကူးယူ၍ မိမိနာမည်ဖြင့် ဖော်ပြပါက မူရင်းရေးသားသူ၏ အမည်အား မဖော်ပြခြင်းကြောင့် စည်းတစ်ခုဖောက်ရာ ကြပါသည်။ နောက်တစ်ခုက အင်တာနက်လောကသည် လူအချင်းချင်းတွေ့မြင်ရသည်မှာ ဖန်သားပြင်ပေါ်၌သာဖြစ်သောကြောင့် သူတစ်ပါး၏ ချစ်သူမှန်းသိရက်နှင့် နည်းမျိုးစုံဖြင့် လုယူရာ၌လည်း စည်းဖောက်ရာကြပေသည်။ နောက်တစ်ခုက ဟက်သည်(Hack)ဆိုရာ၌ ထိုသူသည် အားလုံးအတွက် အနှောင့်အယှက်ဖြစ်စေသောကြောင့် ဟက်လိုက်သည်မှာ အပြစ်ပြောစရာမဟုတ်ပေမဲ့။ အပြစ်မရှိသော သူတစ်ပါး၏ ပိုင်ဆိုင်မှုတစ်ခုအား ဟက်လိုက်သည်မှာ ဖျက်လုပ်ဖျက်စီးဖြစ်ရာကြသောကြောင့် စည်းဖောက်ရာရောက်ပေသည်။
အင်တာနက်လောကတွင် မည်မျှပင် လူချစ်လူခင် ပေါများနေစေကာမူ အထက်ပါစည်းများကို ဖောက်ခြင်းကြောင့် ရရှိထားသော အောင်မြင်မှုသည် သဲထဲရေသွန်သလိုသာဖြစ်တော့သည်။ အများနှင့်သက်ဆိုင်သော အင်တာနက်လောကတွင် အကျိုးရှိရှိအသုံးချပါက သင်သည် စင်စစ်မုချ အောင်မြင်ရမည်မှာ မလွဲပါ။
{ဇောင်း}
Archives
-
▼
2010
(113)
-
▼
March
(39)
- ရင်ခွင်ပြိုသော စံပယ်ဖြူ
- မိုးရေတွေထဲ
- နမ်းထိုက်
- အချစ်ခရီးသည်
- ပျော်နေလောက်တယ်
- မုဆိုးတစ်ပိုင်း မိန်းမရိုင်းလို
- ကိုဏီလင်းညို မေးတယ် ဘာတွေကြိုက်လဲတဲ့ ( Tag )
- အသုံးတော်ခံ
- စိတ်နယ်လွန်
- ဒဏ်ရာ
- အဖြေရှာသောည
- နှူးညံ့ခြင်းတွေနဲ့သာ
- မုန့်သည်မသား မုန့်နားစား
- ဘန်းစကား အနက်အဓိပ္ပာယ် ( pdf )
- နွေလယ်တစ်ခုရဲ့ ရင်ကွဲနာ
- နွေလယ်တစ်ခုရဲ့ အလွမ်းရင့်.....
- ကိုဇော် ပြောခိုင်းသော အတွေးစများ ( Tag )
- ဘလော့ဂါကိုမိုး ဖွင့်လှစ်သော ကျွန်တော့်ရဲ့ အသိတရား ...
- ထွက်သက်
- ကြယ်ငိုသံ
- မြန်မာ - အင်္ဂလိပ် စကားပုံ ( pdf )
- ညနေခင်း ရဲ့ အိမ်ဖန်စောင့်
- ကဗျာတစ်ပုဒ် ပုလဲတစ်လုံး
- သင်းကွဲငှက်
- စိတ်ကူးယဉ်မှုပြဿနာ
- နတ္တိရဲ့ အခြားတစ်ဖက်
- ဆွေးနေလောက်ပြီ
- ငွေရောင်လမင်း...
- ကြိုးတစ်ချောင်း
- မျှော်ခဲ့ရသည် သုံးလပိုင်း
- အချစ်ရှုံးသမားကြီး ဒဿဂီရိ
- ရက်ပေါင်း နှစ်ရာ့နှစ်ဆယ့်ခြောက်
- ရင်ထဲက ပန်းကလေး
- မြန်မာစာ မြန်မာစကား အတွက် ကျေးဇူးတင်လွှာ
- လိမ္မာစေတော့ ကလေးရယ်....
- HaPpY B'dAy Ko YeE
- ဆက်ချစ်ခွင့်လေး
- အပြတ်ပြတ်သစ္စာ
- စည်းမစောင့်သော ...
-
▼
March
(39)
Categories
- Domain (3)
- Download (8)
- Font (2)
- History Burma (2)
- Mobile (5)
- Photoshop (1)
- Tag (9)
- ကဗျာ (144)
- ကိုယ်တိုင်ရေးပုံတူ (2)
- ခံစားမှုသီချင်း (7)
- စိတ္တဇနှလုံးသားအကြောင်း (22)
- ထွက်ပေါက် (63)
- နည်းပညာ (9)
- ဘ၀ (38)
- ရင်တွင်းဖြစ်ဝတ္ထုတို (4)
- ရွာအကြောင်း (3)
- လူမျိုး (1)
- ဟာသ (4)
- အမှတ်တရ (1)
- အတွေးစာစု (37)
- အထွေထွေ (3)
- အကြည် (3)
- ကျေးတောကဗျာ (5)
- ရောသမကဗျာ (3)
- လေးလိုင်းစပ်ကဗျာ (2)
- လေးလုံးစပ် (4)
- မြန်မာစာ (4)
My Blog List
-
-
-
Jailbreak Zawgyi still not support Flipboard21 minutes ago
-
-
-
-
တတ်နိုင်သမျှ2 hours ago
-
-
-
း)4 hours ago
-
ဆင်ခြေပေးတဲ့ပို့စ်5 hours ago
-
-
ကိုမိုးသို့ ပွတ်ခြင်း7 hours ago
-
ရင်ဘတ်ထဲ ကြွက်ဝင်နေသည်7 hours ago
-
အဖြူရောင်နတ်သမီး8 hours ago
-
-
မျှော် လေ တိုင်း.....9 hours ago
-
-
10 hours ago
-
အကျင့်သီလ (၂)10 hours ago
-
ပြက္ခဒိန်များ10 hours ago
-
ပြက္ခဒိန်များ10 hours ago
-
ရင်ဘတ်တံခါးဆီမှ11 hours ago
-
ချစ်သူ... မောင်12 hours ago
-
မေတ္တာဆိုတာ စူးတတ်တယ်13 hours ago
-
တတိယအကြိမ် လက်မထပ်မီ ရက်ပိုင်းအလို…14 hours ago
-
-
Photoshop နဲ့  Button လှလှလေးလုပ်နည်း(ဗီဒီယို)17 hours ago
-
-
Safari: Tweak To Run Faster20 hours ago
-
အွန်လိုင်း အက်ဆေး ( ၃ )20 hours ago
-
အဘမင်းသိင်္ခ၏မနောမယပတ္တမြား22 hours ago
-
ဖိုးခွေး မဝင်ရ1 day ago
-
ဘလော့ဂါရဲ့ည1 day ago
-
အလွမ်းညနေ....1 day ago
-
-
အဆိုး အကောင်း1 day ago
-
-
-
Quiche လုပ်စားပါတယ်။1 day ago
-
ဗေဒင်ဆရာဆိုတာ (၁)1 day ago
-
-
ကုလားပဲမဆလာ နဲ့ နိုကိုဥချည်ရည်ဟင်း1 day ago
-
ရပ်လိုက်ရတော့မလား ... ဆက်ရေးမလား ...1 day ago
-
-
-
အတွေးမှတ်စုများ (၂၂)1 day ago
-
ပုံရိပ်ယောင်…1 day ago
-
Idea Special Issue, July1 day ago
-
ဘ၀1 day ago
-
မြငုံပွင့်ဦး1 day ago
-
ရေတံခွန်2 days ago
-
-
ပိုပို မိုမို ဂိုဂို - အပိုင်း ၄2 days ago
-
By the way - 022 days ago
-
-
-
-
-
နိဂုံးမဲ့တေးသွား2 days ago
-
Humour2 days ago
-
လွင်တီးခေါင်2 days ago
-
အလွမ်းညနေ....2 days ago
-
အတွေးတချို့နဲ ဟာသတချို့2 days ago
-
-
ပြောင်းလဲတတ်တဲ့ သဘာဝလေ3း days ago
-
ဒိုင်ဗင်3 days ago
-
Naruto Shippuden Cosplay Collections!!3 days ago
-
-
ကြုံရဆုံရ တခဏမှာ3 days ago
-
ဓမ္မစကြာအခါတော်နေ့3 days ago
-
လောလောဆယ်မှာ4 days ago
-
Internet Download Manager 5.204 days ago
-
-
-
-
မသေကောင်း မပျောက်ကောင်း အဘရယ်4 days ago
-
-
တပါးသူမထိခိုက်စေချင်4 days ago
-
အစဉ်ပြေဖို့4 days ago
-
“အင်အား”4 days ago
-
-
-
မြစ်နှစ်စင်းရဲ့  ညအမှောင်ယံ . . .5 days ago
-
Disk Defragmenter6 days ago
-
2D 3D နှင့် မယ်လိုဒီ6 days ago
-
Hello !6 days ago
-
အဖြူရောင်အတိတ်6 days ago
-
47.8 ကံကြမ္မာ ဆန်းကြယ်ပုံက1 week ago
-
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အင်ပါယာ1 week ago
-
ကဘူးညီလာခံ ( ၂၀ ဇူလိုင် ၂၀၁၀ )1 week ago
-
-
ကြွက်သေတခု အရင်းပြုသော်1 week ago
-
-
ချစ်သောဖြူလေး1 week ago
-
ထူးဆန်းသော ကွန်ပလိန့်1 week ago
-
အရှိ ... ... ...1 week ago
-
ဆေး1 week ago
-
အားကျခဲ့မိသော အဖိုးနှင့်အဖွား1 week ago
-
နင် နဲ့ ငါ1 week ago
-
ကိုကိုကျောက်အသဲမှာ ဒဏ်ရာတွေနဲ့1 week ago
-
နာလန်ထူစ နှလုံးသားနဲ့ သူ့ရဲ့ဘဝ1 week ago
-
လရောင်လမ်းဆွေး1 week ago
-
၆၃ နှစ်မြောက် အာဇာနည်နေ့1 week ago
-
-
windows and Zawgyi..1 week ago
-
" အဓိပတိ လ၀န်း "1 week ago
-
၆၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်1 week ago
-
အတိတ်ရဲ့ခြေရာ1 week ago
-
ကျွန်မနှင့်မြွေ1 week ago
-
-
ာါာါာါာါာါာါာါာါာါာါာါာါာါာါာါာါ1 week ago
-
မာတီ နဲ့ မြန်မာစာ1 week ago
-
ထွက်ခွာချိန်…1 week ago
-
မှတ်တမ်းတစ်ခု ထွင်းထုခဲ့ေသာ စပိန်2 weeks ago
-
guest bookမှာလေ..2 weeks ago
-
-
ခုတလော2 weeks ago
-
-
-
-
HTML52 weeks ago
-
Knowledge101 မိတ်ဆက်2 weeks ago
-
မြန်မာပြည်ကိုကွယ် လွမ်းတယ်2 weeks ago
-
ခေတ်သစ်မဲဇာ2 weeks ago
-
ထိုနေ့မှသည်…. ယနေ့မှာ2 weeks ago
-
သေကြောင်းကြံစည်မှု အထမြောက်ခြင်း2 weeks ago
-
Hacker Highschool2 weeks ago
-
-
Devin2 weeks ago
-
-
သက်ခိုင် အပိုင်း(၈၆) သေရွာပြန်နိဒါန်3း weeks ago
-
အလင်းဖျော့ ချိန်3 weeks ago
-
မြန်မာဖောင့်မရှိလည်း ဘလော့ဂ်ဖတ်နိုင်ဖို့3 weeks ago
-
တစ်နေ့တာ ဓာတ်ပြားဟောင်3း weeks ago
-
-
-
-
-
ကာတွန်း သက်ပိုင်ခ - GOAL!4 weeks ago
-
.. အမြင်မှန် ..4 weeks ago
-
Announcements4 weeks ago
-
-
ဝန်စည်စလယ်များသောအရပ်4 weeks ago
-
-
ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၁)5 weeks ago
-
အိမ်ရှင်မ ၏ ပထမ နေ့ စွဲများ5 weeks ago
-
နာမည်ကိစ္စ...အကြံညဏ်လေးပေးပါရှင်5 weeks ago
-
HAPPY FATHER'S DAY!!!5 weeks ago
-
နရီမှားတဲ့ နက္ခတ်5 weeks ago
-
ငွေရတု ရောက်တတ်ရာရာ အတွေးများ..5 weeks ago
-
လမ်းကြားသရဲ5 weeks ago
-
စာသင်ခြင်း1 month ago
-
-
-
-
Long gone1 month ago
-
" True Love "1 month ago
-
လက်တွေ့ကျင့်သုံးရေး1 month ago
-
တူညီမှုဖြင့် ကူညီခဲ့သော လက်များ1 month ago
-
သမီးလေးရဲ့ စွန့်လွှတ်ခြင်း1 month ago
-
Balik Kampong2 months ago
-
နွေနှောင်းအလွန် ည2 months ago
-
နွေနှောင်းအလွန် ည2 months ago
-
-
မှားသွားလား အင်း မှားတာပေါ့2 months ago
-
တယ်လီဖုန်း2 months ago
-
-
formspring.me2 months ago
-
စိမ့်မိုးများ2 months ago
-
အမှတ်တရထဲကအမှတ်တရ2 months ago
-
-
ပြန်ရေးခြင်း2 months ago
-
ဗီလိန်နဲ့ အယ်လ်ဖာဘတ်2 months ago
-
နတ်သမီးလေးလို လှနေတယ်2 months ago
-
“ ညီမလေးရယ်...စိုးရိမ်မိတယ်...”2 months ago
-
-
အသုပ်စုံတို့နှင့် ပတ်သက်၍2 months ago
-
Moo0_ScreenShot_1.012 months ago
-
အရမ်းလှတဲ့ IncrediMail (you can use with Gmail)2 months ago
-
-
Will Power3 months ago
-
-
19-4-2010 ကုသိနာရုံ မှာ (၂) ညအိပ်3 months ago
-
The Man, The Sky And The Water: Inle3 months ago
-
Happy New Year !3 months ago
-
နေရာ3 months ago
-
-
ဇာတိမြေသို့အလွမ်းပြေ3 months ago
-
Acrobatic Caterpillar3 months ago
-
ရင်ကိုချည်တဲ့ နှောင်ကြို3း months ago
-
နေရာတခု3 months ago
-
Dilbert's One Liner Jokes3 months ago
-
Avira Antivirus Free Version4 months ago
-
အလင်းမဲ့ နှလုံးသား4 months ago
-
-
အတိတ်မြို့ 4 months ago
-
-
snaRe |RAP GAME|4 months ago
-
snaRe |RAP GAME|4 months ago
-
ကျော်စွာ ၁၀၀4 months ago
-
-
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ထွက်ပြီ....4 months ago
-
၁၂ ပေခွဲ ပေ ၅၀4 months ago
-
အထူးမှတ်သားဖွယ်5 months ago
-
ပြဇာတ်တပုဒ်5 months ago
-
Fresh and Free Utilities5 months ago
-
အချစ်ဆိုတာ5 months ago
-
Welcome to www.myanmaritmen.com5 months ago
-
MyFreePaysite.com and MyFreeCams.com5 months ago
-
Dica p/ quem esta desempregado!!!5 months ago
-
အိမ်မြှောင်ပေးတဲ့သင်ခန်းစာ6 months ago
-
Hello everybody :-)6 months ago
-
nangnyi.net6 months ago
-
Focus on a Daisy6 months ago
-
My 20096 months ago
-
Windows Movie Maker For Windows 7 OS7 months ago
-
ပြေးလမ်းပေါ်ကလူ7 months ago
-
Meaningful Breakfast!7 months ago
-
စကားဝိုင်းလေးဖန်တီးခြင်း7 months ago
-
-
ဆောင်းတွင်းမှာ ပြေးကြရအောင် ဘော်ဒါတို့7 months ago
-
၂၀၁၃7 months ago
-
ငရဲနဲ. ကောင်းကင်ဘုံ8 months ago
-
ခိုးလာသော ကဗျာများ8 months ago
-
ခရီးသွားမှတ်တမ်း(၃)8 months ago
-
Key မသေတဲ့ Kaspersky Internet Security 7.08 months ago
-
လိပ်စာပြောင်းခြင်း9 months ago
-
-
N for Nhin Pwint9 months ago
-
နှစ်နှစ်ပြည့်အလွမ်း9 months ago
-
Check Flash Disk10 months ago
-
ကပ်ပါပေ့ မြို့စားရယ် (၅)10 months ago
-
-
Light in Dark10 months ago
-
Friend Portrait 410 months ago
-
သူငယ်ချင်းကောင်း မိတ်ဆွေကောင်း11 months ago
-
ဖြည့်ဆည်းခြင်း11 months ago
-
-
Google Map with Markers in Blog.1 year ago
-
Sketch Of Roi (2)1 year ago
-
ကျော်မယ်ခွမယ်1 year ago
-
-
-
မိုး၊ လေ နှင့် ဝသအထူးသတင်း1 year ago
-
mozistar.co.cc1 year ago
-
-
-
-



